ဒုတိယအကြိမ်

6.2K 746 7
                                    

Hotel Finest ၏ ဧည့်ခန်းကို ခမ်းနားစွာ အလှဆင်ထားပြီး သပ်ရပ်သန့်ရှင်းသော စကျင်ကျောက်ကြမ်းခင်းများသည် အလင်းရောင်ကို ထင်ဟပ်စေပါသည်။

Anthony သည် ဆိုဖာပေါ်တွင် ထိုင်ကာ ဓာတ်လှေကားဆီသို့ လှမ်းကြည့်လိုက်သည်။

Hunts ၏ဟိုတယ်စီမံခန့်ခွဲမှုသည် တင်းကျပ်ပြီး ဖလာရောက်သူများ၏ အချက်အလက်များကို ရောင်းရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် သူသည် ထိုအမျိုးသမီးကို ဒီကနေသာ ဖမ်းမည်ဟု မျှော်လင့်ကာ စောင့်ရန် နံနက်စောစောတွင်သာ လာခဲ့သည်။

သူ့ရဲ့ကြိုးစားအားထုတ်မှုဟာ အောင်မြင်ခဲ့ပြီး နောက်ဆုံးမှာတော့ သူမကို တွေ့ရှိခဲ့ပါတယ်။

ချောမောလှပသော အသွင်သဏ္ဍာန် နဲ့ ရုတ်တရက်ထွက်လာသောအခါတွင် သူ၏ ခြေထောက်များသည် ထခုန်မတက် ဖြစ်သွားသည်။ သူ့လက်ထဲတွင် နှင်းဆီပန်းစည်းလေးကိုင်ကာ ချစ်စရာကောင်းလွန်းလှသည်ဟု သူထင်ထားသည့်အတိုင်း သူမ၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ "မင်္ဂလာပါ အလှလေး မထင်မှတ်ထားတဲ့ တိုက်ဆိုင်မှုပဲနော် ၊ ငါတို့ပြန်ဆုံတွေ့ဖို့ မမျှော်လင့်ထားဘူး!"

နိုရာသည် စကားမပြောဘဲ နေလိုက်သည်။

သူတို့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းပြီးပြီမို့ ဒီတစ်ယောက်က သူ့ရှေ့မှာ ထပ်ခါထပ်ခါ ပေါ်လာတာ ဘာကြောင့်တုန်း။

သူမ၏ စိတ်အနှောက်အယှက်ဖြစ်မှုကို လုံးဝသတိမထားမိခဲ့သော Anthonyက ပြုံးကာပြောသည် "ငါတို့တွေ ဆုံတုန်းလေး မင်းနာမည်ကို အခု မင်းငါ့ကို သေချာပြောပြသင့်တယ်"

Nora သည် မျက်လုံးများကို မှိတ်ချလိုက်သည်။

သူမသည် မွေးဖွားဆောင်တွင် ကလေး မွေးဖွားပြီးနောက် သူ့ကို ဂရုမစိုက်ဘဲ နေခဲ့သော်လဲ သူက ဒီကို ရောက်လာလာသည့်အကြောင်းကို တွေးလိုက်မိသောအခါ... သူမ သူ့ကို ပြန်စကားပြောနိုင်အောင် ကြိုးစားလိုက်သည် ။

သူမ နှုတ်ခမ်းများမှ ဖြည်းညှင်းစွာ ပြော လိုက်သည် ။

"Isabel Anderson"
( T/N ဟုတ်နေပါပြီ FMLရဲ့ နာမည်၂ခုနဲ့တောင်တိုင်ပတ်ပါတယ်ဆို နောက်တစ်ခု 😥😥 )

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now