နင်က ဆိုးတဲ့ မိန်းကလေး တစ်ယောက်။

2.3K 344 1
                                    

အပိုင်း ( ၈၇ )- နင်က  ဆိုးတဲ့ မိန်းကလေး တစ်ယောက်။

Nora အရက်မူျးနတဲ့ ချိန်တုန်းက သူ့သားကို ၀ယ်ဖို့ ပြောတဲ့ ရယ်စရာကောင်းတဲ့ ဖုန်းခေါ်ဆိုမှု အကြောင်းကို စဉ်ူစားမိတိုင်း Justin အနည်းငယ် စိတ်တိုနေသလို ခံစားရသည်။ 

ဒီနေ့ သူ ထမင်းစားဖို့ Hotel Finest ကို လာနေတဲ့ တစ်လျှောက်လုံး သူတစ်ယောက်ထဲ အတွေးထဲ နစ်မျောနေသည်။ ထို့အပြင် မဟုတ်တာတွေပဲ အမြဲပြောတတ်တဲ့ Chesterက အောက်ထပ်မှာ ကျင်းပတဲ့ အကပါတီကို Liveဖွင့်နေခဲ့သည်။

ထို့နောက် သူက အဲဒီအမျိုးသမီး ကပြတဲ့ ဗီဒီယိုဖိုင်ကိုလည်း ပို့ပေးခဲ့တယ်။ တစ်စုံတစ်ယောက်၏ခါးကိုကိုင်ကာ ကခုန်နေသည့်သူမ၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ်မြင်ကွင်းကိုမြင်လိုက်ရကာ သူမပတ်ဝန်းကျင်ရှိ အမျိုးသားများအားလုံး၏အာရုံကလဲ သူမကိုသာ ကြည့်နေသည်ကို တွေ့လိုက်ရတော့ Justin  ရုတ်တရက် ဒေါသထွက်သွားခဲ့သည်။

သူကတော့ ဒီမှာ တစ်ယောက်ထဲ အတွေူတွေနဲ့ ဒုက္ခရောက်နေတာကို သူကတော့ ကပွဲမှာ ယောက်ျားရော မိန်းမရောဆီကနေ အာရုံစူးစိုက်မှုကို ရလောက်တဲ့အထိ ကနေတယ်တဲ့လား။ 

ထို့ကြောင့် သူသည် စားသောက်ဆိုင်မှ ထွက်လာရင်း  လမ်းတစ်လျှောက်တွင်လဲ ထိုအကဗီဒီယိုကို သိမ်းဆည်းလိုက်သည်။    လိုအပ်တာထက် ပိုလုပ်ရတာကို သူမ မကြိုက်တာကို သူသိတာကြောင့် ကလို့ပြီးတာနဲ့ ချက်ချင်း ထွက်လာလိမ့်မယ်လို့ သူထင်ခဲ့တယ်။ 

ထို့နောက် ကားပါကင်တွင် သူမရဲ့ ကားကိုလဲ  သူ တွေ့ခဲ့သည်။

သေချာပါတယ်၊ အချိန်တောင် သိပ်မကြာလိုက် အမျိုးသမီး သုံးယောက် အော့်ကို ဆင်းလာကြတာကို တွေ့လိုက်ရတယ်။

Noraသည် သူမကို လှမ်းဆွဲဖို့ လုပ်လိုက်တဲ့အခိုက်အတန့်မှာ အနည်းငယ် မှင်တက်နေသည်။

သူမ၏နှာခေါင်းကနေ ထိုယောက်ျားရဲ့ မြက်ပင်လေးတွေရဲ့ အနံ့က ချက်ချင်းရလိုက်သည်။ သူက စကားလဲ ပြောရ် သူမကိုလဲ သူ့ရဲ့ ရနံ့သင်းသင်းနဲ့ အသက်ရှူသံနဲ့အတူ သူ့ရဲ့ မှုန်ကုတ်ကုတ်မျက်နှာနဲ့ တွေ့လိုက်ရသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now