အပိုင်း ( ၁၀၇ ) - ချယ်ရီသေးသေးလေးက အခု နာမည်ကြီးနေပြီ။

2.1K 278 5
                                    


ထိုစကားကိုကြားတော့ ကြီးကြပ်ရေးမှူးက အနည်းငယ် ထိတ်လန့်သွားသည်။ "ဘယ်လိုဖြစ်ပြီး?"

အရင်နေ့တွေက Sweetcherryသည် ထင်ရှားကျော်ကြားသူမဟုတ်ပေ။ သူမသည် ထိပ်တန်း 80 တွင်သာရှိသေးသည်။ Sweetcherry ကိုမဆိုထားနှင့် တခြား ဆိုရှယ်မီဒီယာတွင် ခေတ်စားရန် သူတို့၏ပလက်ဖောင်း appပေါ်ရှိ နာမည်ကြီး live-streamer များပင်လျှင် အနည်းငယ်ခက်ခဲနေပါသေးသည်။

ကြီးကြပ်ရေးမှူးက သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်။ တစ်ချိန်တည်းတွင်၊ #whoselittleprincessisthat ဟူသော hashtag သည် နံပါတ် 49 နေရာတွင် အမှန်တကယ်ရေပန်းစားနေကြောင်း သူသတိပြုမိခဲ့သည်။

အဆင့်အရမ်းမြင့်တာမဟုတ်ပေမယ့် follower 250,000 သာရှိတဲ့ sweetcherry လိုတစ်ယောက်အတွက်ကတော့ အရမ်းကိုပဲ သူ့အဆင့်တက်နှုန်းက အရမ်းမိုက်ပါတယ်။

Cherry၏နောက်လိုက်များကို ဆွဲဆောင်နိုင်ခြင်းမှာ အလွန်ကောင်းမွန်ကြောင်းကိုတော့ ဝန်ခံရပေမည်။ သူတို့သည် သူမကို များများစားစား ကြော်ငြာတွေတောင် မတင်ရသေးပေမယ့် သူမသည် ပြိုင်ပွဲရဲ့ ကျော်ကြားမှုနဲ့ တခြားလူတွေလို ရယ်စရာ ထပ်ခါတလဲလဲ မပြောဘဲ သူမကိုယ်သာ အားကိုးပြီး သူမကိုယ်တိုင် Follower 50,000 ရရှိလာခဲ့တာ ဖြစ်သည်။

သူမက စတင် ရေပန်း စားလာကတည်းက appရှိ သူမ၏ Follower အရေအတွက်သည် သိသိသာသာပင် တိုးလာခဲ့သည်။

ကြီးကြပ်ရေးမှူးသည် hashtag ကိုစစ်ဆေးခဲ့သည်။ ချက်ချင်းပင်၊ လူပေါင်း 100,000 ကျော်သည် 'sweetcherry' ဟူသောစကားလုံးကို အမှန်တကယ် စတင်လိုက်နေပြီဖြစ်ကြောင်း သူတွေ့လိုက်ရသည်။

hashtag အောက်ရှိ ထိပ်တန်းပို့စ်များထဲမှ တစ်ခု

# မင်းသမီးငယ် ၊

"မမှားလိုက်နဲ့ Sweetcherry က ချမ်းသာတဲ့မိသားစုက မင်းသမီးလေးတစ်ယောက်ဆိုတာ သေချာတယ်။

"ရိုးရိုးသားသား ပြောရရင်တော့ သူပြောသလိုပဲ ပြောလို့ရတယ်။ သူမဥဲ့ ကစားပွဲတစ်ပွဲမှာ သူမက အသင်းဖော်တစ်ဦးကို 'မင်းရဲ့ မြင်းက ငါ့ Whitey ထက် ဘာလို့နှေးနေတာလဲ' Whitey က ဘယ်သူလဲလို့ ပရိသတ်တစ်ယောက်က ပြန်မေးတော့'ဟုတ်ပါတယ် အဲဒါ ငါ့ မြင်းပုလေး ပါ' လို့ ပြန်ဖြေခဲ့တယ်။ လောလောဆယ် တော့ အဲလိုပဲထင်ပါတယ်။ အဲဒါကို ပြောရရင် ငါတောင် သိပ်သတိရတယ်!' မြင်းစီးတာက အလွန်ဈေးကြီးတဲ့ အားကစားတစ်ခုပဲမလား။ ဟုတ်ပါတယ်၊ ချမ်းသာတဲ့သူတိုင်း သင်ခန်းစာယူနိုင်တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့်! Sweetcherryမှာ သူ့ကိုယ်ပိုင် မြင်းပုလေး ရှိတယ်။ စဉ်းစားကြည့်။ သေသေချာချာ တွေးကြည့် !"

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now