အပိုင်း ( ၁၂၅ ) - Lowesမိသားစု ဒေဝါလီခံရလုနီးပါးဖြစ်ခြင်း

3.6K 400 7
                                    


Melissaက သူမရဲ့ ပြောစကားကြောင့် မျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်တယ်။ 

" ဒီလို စကားပြောဖို့က ရှင် နောက်ကျမှရောက်လာ ရတဲ့ အကြောင်းအရင်းလား ဒီစကားလေးအတွက်နဲ့ဆိုရင်တော့  Ms. Levin  နောက်ကျမှ ရောက်လာတဲ့ ရှင့်ကို သေချာ မကြိုဆိုမိမှာတောင် ကျွန်မတို့ စိုးရိမ်ရပါတယ် "  

မစ္စစ် Levin က အလျင်စလို ခေါင်းခါလိုက်ပြီး “ အဲလိုမဟုတ်ပါဘူး ကျွန်မမှာ ရှင်တို့ အတွက် သတင်းကောင်းလေးတစ်ခု  ပြောစရာရှိလို့ ကျွန်မ လာရတာပါ " 

Melissa သူမရဲ့ ထပ်ပြောလာတဲ့ စကားကြောင့် ဧည့်သည်ကို ယဉ်းယဉ်ကျေးကျေး နှင်ထုတ်ရန် စိတ်ကူးကို ငြင်းပယ်လိုက်ပြီး သူမကိုသာ ဆက်ပြောရန် မေးလိုက်သည်။ 

" ဘာများလဲ ရှင့်"

မစ္စLevinက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာပဲ ၀င်ထိုင်လိုက်သည်။ သို့သော် သူမပြောမဲ့ စကားကို အကြောင်းအရာ လွှဲပြီး ပြောလိုက်သည်။

"ဒီကို လာတဲ့အချိန်တုန်းက ကျွန်မ ရှင့်ရဲ့ ယောင်းမကို ဖုန်းဆက်လိုက်သေးတယ်။  တကယ်တော့ ကျွန်မလဲ သူမကို အိမ်ပြန်စေချင်တာ။ ဘာလို့ဆို သူ့မိဘအိမ်ကို ဆင်းသွားတယ် ဆိုတာက ဆိုးတယ် မဟုတ်လား။ "

သူမ Sonnetsမိသားစုကို ပြန်သွားပြီးနောက် Woodsမိသားစုကို ပြန်လာဖို့ ငြင်းဆန်နေသည်ကို Melissa လဲ သိသည်။

Farrellက သူမကို သင်ခန်းစာ ပေးရန်စိတ်ပိုင်းဖြတ်ထားတာကြောင့် သူမကို အိမ်သို့ ပြန်မခေါ်ခဲ့ပါ။ သို့ပေမဲ့ သူမ မမျှော်လင့်မိတာက Mirandaက သူတို့ရဲ့ ကလေး ၂ယောက်ကို သွေးထိုး လှုံ့ဆော်ပြီး Sonnetsမိသားစုကို ခေါ်သွားမယ်လို့ မထင်ထားခဲ့တာပဲ။

Miranda က Melissa ကို Sonnetsမိသားစုဆီ ခေါ်လာပြီး တောင်းပန်ရန် မလုပ်ပါက သူမနဲ့ အတူ ကလေး၂ယောက်ကိုလဲ အိမ်သို့ ပြန်လာခဲ့ဖို့ မမျှော်လင့်နဲ့လို့ Mirandaကပင် ခြိမ်းခြောက်ခဲ့သည်။

Mirandaက Sonnetsမိသားစုဟာ အိမ်‌ခြံမြေ လုပ်ငန်းအတွက် ဒေါ်လာသန်း၃၀ရင်းနှီးမြှုပ်နှံခဲ့သည်ကို တမင် ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ပတ်ဝန်းကျင်က လူတွေ သိအောင် လုပ်ခဲ့သည်။ 
ဒီအခွင့်အရေး အလုံးစုံကို Sonnets မိသားစုက အပိုင် ရရှိခဲ့ကြောင့် သိစေခဲ့တာ ဖြစ်သည်။ 

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now