တစ်ထပ်ထဲ တူတဲ့ ကလေး။

2.8K 394 8
                                    

အပိုင်း ( ၉၀ )- တစ်ထပ်ထဲ တူတဲ့ ကလေး။

ကျောင်းရှိ အကဆရာမတစ်ဦးအနေဖြင့် Whitney သည် ကျောင်းသားများကို အပြစ်ပေးပိုင်ခွင့်ရှိသည်။

သို့သော်လည်း သူမ၏ အရှက်ရစေသော စကား ပြောဆိုမှုအောက်မှာ ကျောင်းတံခါးတွင် ကျောင်းသူလေးများကို လက်ခံနေသည့် မစ္စလင်းပင် သည်းမခံနိုင်တော့ပေ။

သူမက "မစ္စ Lowe၊ အဲဒါကို မလုပ်ပါနဲ့။ ဒီကိုလာတဲ့သူတွေများပါတယ်။ ကျွန်မတို့ဘက်က ပြစ်ဒဏ်ပေးတာကိုသာ တခြားမိဘတွေ မြင်သွားရင် နားလည်မှုလွဲသွားနိုင်တယ်။"

Whitney က "ဒါက ဘာဖြစ်လို့ မဖြစ်ရမှာလဲ။ ကျောင်းက သူတို့ရဲ့ ကျောင်းသားကျောင်းသူတွေကို တင်းကျပ်မှ ဒီနိုင်ငံတကာကျောင်းက ကောင်းတယ်ဆိုတာ ပြနိုင်မှာပေါ့ Cheryl Smith က လိမ်ညာတတ်တဲ့အကျင့်ဆိုးတွေကို ထားတတ်တဲ့ ကလေးဆိုတော့ တခြားကလေးတွေကို သူ့ရဲ့ အကျင့်ဆိုးတွေ ကူးသွားနိုင်တယ် မဟုတ်လား။"

သူမ၏ ပြောကြာချက်ကြောင့် မစ္စလင်းရဲ့ ပါးများကိုပင် မီးလောင်စေခဲ့သည်အထိ ပူလောင်လာတော့သည်။ သူမ ဘာမှ မပြောခင် Whitney က "ကျွန်မ သိပါတယ်၊ သူတို့အားလုံးက ချမ်းသာတဲ့ မိသားစုက ကလေးတွေ ဆိုတော့ ရှင်က သူတို့ကို မဆူရဲဘူး။ ငါကသာ အခုသူတို့ကို ဆူနေတဲ့သူဆိုတော့ ရှင့်ရဲ့ စိတ်ပူနေတာတွေကို ရပ်လိုက်လို့ရတယ်!"

နိုင်ငံတကာကျောင်းများရှိ ဆရာများသည် ဂုဏ်သိက္ခာရှိသောကျောင်းများမှ ပါရဂူကျောင်းသားများဖြစ်ကြသည် ။

သူတို့သည် အနည်းဆုံး ဘာသာစကားသုံးမျိုးတွင် ကျွမ်းကျင်သောကြောင့် ကလေးငယ်များနှင့် အတားအဆီးမရှိဘဲ ပြောဆိုဆက်ဆံနိုင်ခဲ့သည်။

သူတို့ကို ငှားရမ်းပြီးနောက်တွင် သူတို့သည် တရားဝင်အလုပ်မစတင်မီ စိတ်ပညာ၊ အစောပိုင်း ကလေးပညာရေးသင်တန်းများနှင့် အခြားသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများကိုပင် သင်ကြားရမည်ဖြစ်သည်။ ဟုတ်ပါတယ်။ လစာတွေကလည်း တခြားကျောင်းတွေထက် အရမ်းများတယ်။

မစ္စလင်းသည် သာမန်မိသားစုမှ ဆင်းသက်လာတာကြောင့် သူမက သူငယ်တန်းမှာ ကျောင်းဆရာမတစ်ဦးဖြစ်လာရသည်မှာ သူမတွင် ထူးချွန်သောအရည်အချင်းရှိသူဖြစ်ကြောင်း ပြသသွားခဲ့သည်။ သူမက မျက်လုံးကို မှိတ်ချလိုက်ပြီး "Ms Lowe က ဘာပဲဖြစ်ဖြစ် ကာယကံမြောက်တဲ့ ပြစ်ဒဏ်က ဥပဒေနဲ့ ဆန့်ကျင်နေတာပဲလေ။"

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now