"မေမေ၊ သမီး အခု ဂိမ်းအသင်းရဲ့ တိုက်ပွဲထဲမှာ ပါနေတာ။ ...နောက်ကျောကို သတိထား။ ဟေ့ Chesty၊ မင်း ဘယ်နှစ်ခါတောင် သေပြီးပြီလဲ။ မင်းက ဖန်ခွက်ထက်တောင် ပိုပြီး နူးညံ့သေးတာလား။”
ဆိုဖာပေါ်တွင်ထိုင်နေသော ချယ်ရီသည် မော့တောင်မကြည့်ဘဲ အသင်းဖော်များကို ဒေါသတကြီး ဆဲဆိုလိုက်သည်။
သူမလဲ မပြောတော့ဘဲ တံခါးဖွင့်ရန် Noraလျှောက်လာသည်။
Justin က အပြင်မှာ ရပ်နေတာ မဟုတ်ဘဲ အသက် 20 လောက်ရှိမယ့် လူတစ်ယောက်ရပ်နေတာ ဖြစ်သည်။ သူသည် အဖြူရောင် ပေါ့ပေါ့ပါးပါး ၀တ်စုံကို ၀တ်ထားကာ လက်ကိုင်ဖုန်းဖြင့် ဂိမ်းကစားနေစဉ် နံရံကို မှီနေခဲ့သည်။ Justin နှင့် ဆင်တူသော သူ၏ နက်ရှိုင်းသော မျက်လုံးအစုံနှင့် သူ၏ မျက်နှာအသွင်အပြင်တွင် တောက်ပပြီး အန္တရာယ်ကင်းသည့် ခံစားချက်တစ်ခု ရှိနေသည်။ သူသည် ချမ်းသာသော မိသားစုမှ မွေးစားထားသော ယောက်ျားလေးတစ်ယောက်လိုပင်။
တံခါးဖွင့်လိုက်တာနဲ့ Chester က သူ့အသံကို လျှော့ပြီး သူ့ရဲ့ဂိမ်းအဖွဲ့နဲ့ ဖုန်းခေါ်ဆိုရာမှ "ခေါင်းဆောင်၊ ငါသေပြီမို့လို့ ဒီတစ်ကျော့အတွက် မင်းကို အားကိုးမယ်။"
မိုက်ခရိုဖုန်းကို ပိတ်ပြီးနောက် ခေါင်းကို မော့ကာ Noraကို အပေါ်အောက် ငုံ့ကြည့်လိုက်သည်။
ထိုမိန်းမသည် အံ့ဩစရာ ကောင်းလှသည်။ သူမ၏ နဂိုက ယဉ်ယဉ်ကျေးကျေးပုံစံနှင့် ကြောင်လေးများကဲ့သို့ မျက်လုံးများ အနည်းငယ်မှေးကာ သူမ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုနှင့် အိပ်ငိုက်ခြင်းအချို့ ရှိနေသည်။ “ဘာကိစ္စရှိလို့လဲ” ဟု မေးသောအခါတွင် သူမ၏ အသံသည် အလွန်နိမ့်နေပါသည်။
Justin က သူမကို သွေးဆောင်ဖြားယောင်းဖို့ သတ္တိရှိနေတာ အံ့သြစရာတော့ မရှိပါဘူး။ သူမမှာ တကယ်ကို အထင်ကြီးလောက်စရာ ပိုင်ဆိုင်မှုတွေ ရှိတယ်။
Chester က “မစ် ငါ မင်းနဲ့ တစ်ခုခု ဆွေးနွေးချင်လို့ပါ အောက်ထပ်အခန်းကို ရွှေ့ပြီး ထိပ်တန်းအဆင့်မြင့်အခန်းကို ပြန်ပေးနိုင်မလား။”
BẠN ĐANG ĐỌC
စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )
Lãng mạnသူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး နောက်မှာတော့ သူမရဲ့ လှပလာတဲ့ ပုံကို မြင်လိုက်ရတဲ့ အခါမှာတော့ ... Crd original author & Eng trans author 🙏🙏 This story isn't mine , just t...
