အပိုင်း ( ၁၃၂ ) - အမေ၊ သမီးကို ထားမသွားပါနဲ့...

2.7K 371 6
                                    


"ဟေး?  ဟေး!"

သူငယ်တန်းကျောင်း တစ်ခန်းလုံး ကမောက်ကမ ဖြစ်သွားသည်။  Tanyaက Mia ကို ကောက်ချီပြီး ကျောင်းဆရာဝန်ရုံးခန်းသို့ တန်းတန်းမတ်မတ်ပြေးသွားခဲ့သည်။  ပြေးရင်းနဲ့ Miaကို အော်ခေါ်နေပေမဲ့ ကလေးမလေးက လုံးဝတုံ့ပြန်မှု ရှိမနေပေ။ 

ဒီကလေးရဲ့ အခြေအနေကို ကြည့်ကာ  Tanya နှလုံးခုန်ရပ်သွားသလို ခံစားရတယ်။

အကြောင်းတစ်ခုခုကြောင့် သူ့ရင်ခွင်ထဲက ဘဝငယ်လေးက သူမကို ငိုချင်သလို ခံစားရစေပေမယ့် ဒီအကြောင်းကို အများကြီး မတွေးဝံ့ခဲ့ပါဘူး။  ကျောင်းဆရာဝန်ရုံးခန်းသို့ သူမရောက်ရှိချိန်တွင် Mia ကို စစ်ဆေးကြည့်ရာ ကျောင်းဆရာဝန်က သူမတွင် ဓာတ်မတည့်သည့် တုံ့ပြန်မှုရှိကြောင်း တွေ့ရှိသဖြင့် ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သည်။

Tanya သည် မူးမေ့လဲသွားသည်ကို ပထမဆုံးသိလိုက်ရသောကြောင့် အခြေအနေကို ဆရာဝန်အား ရှင်းပြနိုင်စေရန် ဆေးရုံသို့ လိုက်ခဲ့ရသည်။  ထို့ကြောင့် သူမသည် သူတို့နှင့်အတူ လိုက်သွားခဲ့သည်။

A&E ဌာနကို သွားကြတယ်။  ဆရာဝန်က Mia ကို စစ်ဆေးပြီးနောက် Tanya ကို မျက်မှောင်ကြုတ်ကာ လှည့်ကြည့်ပြီး ပြစ်တင်ရှုံ့ချသည်..

“ဒီကလေးက သရက်သီးနဲ့ ဓာတ်မတည့်တာ ရှိတယ်။  သူ့အမေအနေနဲ့ မင်းက ဘယ်လိုများ ဒီလောက် ပေါ့ဆနေနိုင်မှာလဲ။”

ဆရာဝန်ရဲ့ ပြောစကားကြောင့် Tanya အံ့သြသွားသည်။

သူမရဲ့ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာဝန်က သူမဘေးမှာ ရပ်ပြီး ရှင်းပြချင်ပေမယ့် ဆရာဝန်က အလုပ်များလွန်းနေတယ်။  သူက “မင်းဘာလို့ဒီမှာ ရှိနေသေးတာတုန်း။  မြန်မြန်လေး IV drip ပေါ်တင်လိုက်။  သရက်သီးနဲ့ ဓာတ်မတည့်တာက  ရယ်စရာမဟုတ်ဘူး!”

ကျောင်းမှ ဆရာဝန်သည် ပြင်းထန်သော အခြေအနေဖြစ်ကြောင်း ကြားသိရသောအခါ ထိတ်လန့်သွားသည်။

Mia သည် Smiths မိသားစုက ခေါင်းဆောင်ရဲ့ ဘဝလေးဖြစ်သည်။  ကျောင်းမှာသာ ကလေး တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ဒုက္ခရောက်လိမ့်မယ်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now