အပိုင်း ( ၁၃၃ ) - သူတို့က တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် တူတယ်။  
 သူမရဲ့ ပျော့ပျောင်းသော တီးတိုးသံလေးတွေက က Tanya ရဲ့ ရင်ထဲ တစ်လျှောက်ကို တုန်လှုပ်သွားစေသည်။
 သူ့အိမ်မက်ထဲမှာ ဒီစကားတွေ နေ့ရောညပါ ပေါ်လာခဲ့တာ...
 Tanyaရဲ့  မျက်လုံးများ ပြူးကျယ်သွားပြီး Mia ကို ငုံ့ကြည့်မိလိုက်သည်။  သူမမျက်နှာကို အနီးကပ်ကြည့်လိုက်တော့ Hillaryက ထိတ်လန့်တကြားနဲ့ ရှေ့ကို တိုးလာပါတော့တယ်။  သူမက Mia ရဲ့လက်ကိုဆွဲပြီး "မေမေ ဒီမှာပါ Mia။  ဒီမှာ မေမေ သမီးကို ချီနေပြီနော်…”
 Tanya သည် တစ်စုံတစ်ခုကြောင့် သူမရဲ့နှလုံးသားကို ထိမှန်သွားသလို ခံစားလိုက်ရသည်။
 အခု သူမဘာတွေတွေးနေတာလဲ။ Miaရဲ့ မိခင်မှာ Hillary ဖြစ်သည်။ ကလေးမလေးက သူမနှင့် ဘာမှမဆိုင်ပါ။
 သို့တိုင် Mia က မူးလဲသွားသောကြောင့် မှိန်းနေကာ Tanyaကို သူမရဲ့မိခင်ဖြစ်ကြောင်း ယုံကြည်နေပုံရသည်။  သူမရဲ့ လက်လေးများက သူမ၏အဝတ်ထောင့်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ လွှတ်ပေးရန် ငြင်းဆန်နေပုံရသည်။
 ထိုမြင်ကွင်းက Hillaryရဲ့ မျက်လုံးများတွင် စူးစူးရှရှ အကြည့်တစ်ခု ပေါ်လာသည်။  ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ ကလေးမလေးရဲ့ လက်ချောင်းများကို ချက်ခြင်းအတင်းအကျပ် ဆွဲလိုက်သည်။ ထိုလုပ်ရပ်က Tanya ရဲ့နှလုံးသားကို နာကျင်စေခဲ့ပြီး သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ရန် မနေနိုင်ခဲ့ပါ။
 “သိပ်မကြမ်းပါနဲ့…”
Hillaryက ခေတ္တရပ်ပြီး "Tanya၊ သူက ငါ့သမီး။  ကျေးဇူးပြုပြီး လွှတ်လိုက်ပါ။”
 Tanya က သူ့လက်ကို ဖြည်းညှင်းစွာ လွှတ်ချလိုက်သည်..။
 Hillaryက 'ငါ့သမီး' ကို ထပ်ခါထပ်ခါ ထပ်ခါတလဲလဲ ပြောနေပုံက သူ့နှလုံးသားထဲကို ဆူးတွေ ဓားတွေနဲ့ထိုးနေသလို ခံစားရတယ်။
 အမှန်တော့ ကောင်မလေးရဲ့အမေက ဘာဖြစ်လို့လဲ။  ကလေးမလေးအတွက် နာကျင်မှုကို ဖြစ်စေတာကြောင့် သူမစိတ်တွေ မငြိမ်မသက်ဖြစ်နေကာ  မျက်မှောင်ကြုတ်ပြီး စကားတစ်ခွန်းမှ မပြောပဲ မနေနိုင်ခဲ့တာ ဖြစ်သည်။
                                      
                                  
                                              YOU ARE READING
စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )
Romanceသူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး နောက်မှာတော့ သူမရဲ့ လှပလာတဲ့ ပုံကို မြင်လိုက်ရတဲ့ အခါမှာတော့ ... Crd original author & Eng trans author 🙏🙏 This story isn't mine , just t...
