အပိုင်း ( ၁၄၁ ) - ချယ်ရီ ဆေးရုံတက်နေရတယ်~

2.1K 267 3
                                    


“…”

Hillaryသည် Mia ကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။

တစ်ခုခု လွဲမှားနေသလားလို့တောင် သံသယဖြစ်မိတယ်။  အသဲနှလုံးမရှိတဲ့သူရဲ့ နူးညံ့သိမ်မွေ့တဲ့ ကြောင်ကလေးက ခု ဘာပြောလိုက်တာလဲ။ သူမက သူနဲ့ခွဲဖို့ နည်းနည်းလေးတောင် တွန့်ဆုတ်မနေဘူးတဲ့လား။

သူမ လက်သီးများကို ဆုပ်ထားသည်။  "ဘာပြောလိုက်တာလဲ Mia"

Mia သည် သူမ၏ မျက်လုံးလေး များက သူမကို ကြည့်ရင်း  မဝံ့မရဲ ထပ်ခါတလဲလဲ ပြောပြန်တယ်။

“သမီးက မိန်းကလေးကောင်းတစ်ယောက်ဖြစ်မှာပါ မေမေ။  မေမေ သမီးကို  စိတ်ပူနေစရာမလိုပါဘူး"

“…”

Hillaryသည် သူမ  ဘယ်လိုမှ မရုန်းထွက်နိုင်ခဲ့သည့်အတွက် ရင်ဘတ်ထဲမှာစိတ်ပျက်မှုလှိုင်းလုံးကြီးတစ်ခုကို ခံစားလိုက်ရသည်။  သူမရဲ့ မျက်လုံးထဲတွင် ရှိသော  အကြည့်များက တဖြည်းဖြည်း တုန်လှုပ်ခြောက်ခြားလာသည်။  သူမသည် တသ်ခုခုကို လုအ်လိုက်ချင်သော်လည်း ဆိုဖာပေါ်တွင် ထိုင်နေသော ယောက်ျားကို တွေ့သောအခါ သူမရဲ့  ဒေါသတွေကို လျော့ချလိုက်ပြီး နောက်ဆုံး ဘာမှ မလုပ်ရန်သာ မျိုသိပ်လိုက်ရသည်။

မျှော်လင့်ထားသည့်အတိုင်း သွေးသားမတော်စပ်တဲ့ သူတွေက ဘယ်သောအခါမှသစ္စာရှိမည်မဟုတ်။

သူမသည် ဤနှစ်များတစ်လျှောက်လုံး သူမအား ကြင်ကြင်နာနာ မဆက်ဆံရန် ဘယ်သောအခါမှ မလုပ်ခဲ့ပေ— မဟုတ်ရင် Joelသာ ဒီလိုကြင်ကြင်နာနာ မဆက်ဆံတာကို တွေ့သွားမည် စိုးရိမ်၍ သူမ အလွဲသုံးစားလုပ်ရန် သတ္တိမရှိခဲ့ပေ။  သူမလုပ်သမျှက  Miaကို ယောက်ျားလေး ဘာလို့ မဖြစ်ရတာလဲ ဆိုတဲ့အချက်ကိုသာ  ညည်းညူခဲ့သည်။  သို့သော်  Joel က သူမအား သတိပေးခဲ့သည်။

Hillaryက ပိုပြောချင်သေးပေမယ့် Joel က စိတ်အားထက်သန်စွာ စိုက်ကြည့်ပြီး "မင်း နေက်ကျမနေဘူးလား။  Mia ကို နှုတ်ဆက်ပြီးပြီ ဆိုရင်လဲ မင်းထွက်သွားလို့ရပြီ။"

“… ကောင်းပါပြီ။”

Hillaryလဲ ဆက်မပြောရဲတော့ဘူး။  သူမ ခေါင်းညိတ်ကာ အသက်ပြင်းပြင်းရှူကာ အပေါ်ထပ်သို့ တက်သွားသည်။  ရိုးရှင်းတဲ့ ပစ္စည်းတွေကို ထုပ်ပိုးပြီးတာနဲ့ သူမ ပြန်ဆင်းလာပြီး "Joel ကျွန်မ ဝတ်လေ့ရှိတဲ့ အဝတ်အစားတချို့ပဲ ယူသွားလိုက်မယ်။  ရက်ပိုင်းလောက် အိမ်ပြန်နေလိုက်ပါ့မယ်... ရှင် စိတ်မဆိုးတော့မှ ကျွန်မပြန်လာခဲ့မယ် ဟုတ်ပြီလား"

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now