Carefree Pill က Andersons နှင့်သက်ဆိုင်တယ်။

3.6K 477 12
                                    

"ဘာ?"

အားလုံး Nora ပြောတဲ့ ဆေးနာမည်ကြောင့် အံ့ဩသွားကြသည်။

Simon၊ Sheena နှင့် Melissa တို့ပင်လျှင် လက်ထောက် Dean Lucas ကို ပြန်မပြောနိုင်‌ပဲ သူမ စကားကို နားမလည်သလို ကြည့်နေသည်ကို သူမ ခံစားလိုက်ရသည်။ နောက်ဆုံးတော့ လူတိုင်းက Carefree Pillအကြောင်းကို တိုးတိုးနဲ့ ပြောလာကြတော့သည်။ 

လက်ထောက် Dean Lucas က အမြန်ပဲ သူမစကားကို တုန့်ပြန်ခဲ့သည်။

"မင်း ခုနက ဘာပြောလိုက်တာ?  မင်းငါ့ကိုနောက်နေတာလား?"

သို့သော် Melissa ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို ချက်ချင်း သတိရသွားသည်။

"Nora၊ မင်းဆီမှာ Carefree Pill ဖော်မြူလာ ရှိတာလား။  အန်တီသိပြီ။  ဘာလဲ မင်းအမေက မင်းအတွက် အဲ့ဖော်မြူလာကို ထားခဲ့ပေးတာလား။ "

Nora ၏မိခင်သည် ထိုအချိန်က Carefree Pill ကို တီထွင်ခဲ့သူဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ ပြောသံကို သူမကြားသိခဲ့ရသည် ။

Noraက  ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့။  ကျွန်မ အဲ့ဖော်မြူလာကို  Sheril ကို ပေးလိုက်ပြီ။ အဲ့တာကို ဒီရက်ပိုင်းအတွင်း ထုတ်ဖို့တောင် စတင်နိုင်ပြီလို့ ထင်တယ်"

သူမပြောပြီးနောက် လူတိုင်း စိတ်လှုပ်ရှားနေကြမည်ဟု သူမ ထင်ခဲ့သော်လည်း Simonကတော့ ဘာမှ မပြောပဲ အံကိုသာ တင်းတင်း ကြိတ်ထားမိသည်။

Sheena၏ မျက်ခုံးများ ပင့်တင်လိုက်ပြီး Noraကို ပြောတယ်။

   “ထုတ်ကုန်မပြီးသေးတဲ့ အချိန်မှာ တခြားသူတွေကို မပြောပြရဘူးလေ။ မင်းကဘခုထိ ရင့်ကျက်မှုမရှိသေးဘူးပဲ။  စကား‌ကို ပေါ့ပေါ့လေးတွေးပြီး လျှောက်ပြောနေတယ်။ မင်းက အခုထိ ကလေးတစ်ယောက်လို ပြုမူနေတုန်းပဲ"

Noraလဲ သူမစကားကြောင့်  မျက်လုံးများက အနည်းငယ် အေးစက်သွားသည်။

သူမရဲ့ အဒေါ်သည် လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းကပဲ သူမကို ရန်လိုလွန်းခဲ့သည် မဟုတ်ပါလား။ အခုတော့ သူမကို ကလေးတစ်ယောက်ကို ဆူပူနေသလို ပြုမူနေသည်လေ။

Simon က သူ့အသံကို လျှော့လိုက်ပြီး

"Nora၊ အဲ့ချိန်တုန်းက Carefree Pills ကို ဖန်တီးနိုင်ခဲ့တာ။ ဒါတောင်မှ ဆေး၅ပြားကို တစ်ခါပဲ ထုတ်နိုင်ခဲ့တာ"လို့ Simon က ပြောလိုက်သည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now