အပိုင်း ( ၁၄၀ )- အဓိပ္ပါယ်မရှိ စွန့်လွတ်ခြင်း

2.5K 344 7
                                    


Hillaryက စာမျက်နှာအနည်းငယ်ကိုဖတ်လိုက်တယ်။

ပထမစာမျက်နှာသည် သူငယ်တန်းကျောင်းတွင် Tanya နှင့်သူမ၏ပဋိပက္ခအကြောင်းဖြစ်သည်။  ဓာတ်ပုံတွင် သူမသည် Tanya ကို ပထမဆုံး ရန်စခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။  အရှက်ရစေမိသော Tanyaက သူမကို တန်ပြန်တိုက်ခိုက်ခဲ့သည်။

ဒုတိယစာမျက်နှာမှာ Club Prism ၏ဧည့်ခန်းရှိ ဧည့်မန်နေဂျာနှင့် စကားပြောနေသည့် ဓာတ်ပုံများဖြစ်သည်။  ဓာတ်ပုံထဲက သူမရဲ့ မျက်နှာအမူအရာက ထူးထူးခြားခြား ဆိုးရွားနေပါတယ်။

Hillaryသည် သူမ၏ လက်သီးများကို ဆုပ်လိုက်သည်။  သူမ တစ်ခုခုပြောချင်ပေမယ့် သူမပြောနိုင်ခင်မှာပဲ Joel က “သူငယ်တန်းကျောင်းနဲ့ ကလပ်မှာ စောင့်ကြည့်ကင်မရာတွေ ရှိတယ်။ ဒါကို မင်းဘက်က ဆက်ပြီး ငြင်းနေဦးမယ်ဆိုရင် မင်းအတွက်  ဗီဒီယိုဖိုင်တွေကို တောင်းလိုက်မယ်။   မစ္စ Jone၊ အခုခေတ် စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေက အသံပါ ပါတယ်ဆိုတာကိုတော့ ငါ သတိပေးလိုက်‌မယ် "

Hillaryရဲ့ ပြန်ပြောမဲ့ စကားတွေက ချက်ချင်းပင် လည်ချောင်းထဲတွင် နစ်မြုပ်သွားခဲ့သည်။

သူမသည် Joel ကို ထိတ်လန့်စွာ ကြည့်လိုက်မိသည်။  ခဏအကြာတွင် သူမသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ချကာ “ဒီတစ်ခါတော့ ကျွန်မရဲ့ အပြစ်ပါ Joel… Tanya ပြန်ရောက်လာတာကို မြင်လိုက်ရလို့ ထိတ်လန့်မိလို့  လုပ်လိုက်မိတာ။  ရှင့်ကို ကျွန်မဆီက  ယူသွားမှာကို ကျွန်မကြောက်တယ်… Joel၊ သူမက ကျွန်မကို လက်စားချေပြီး အရာအားလုံးကို ကျွန်မဆီကနေ သိမ်းယူဖို့ ဒီအချိန်ပြန်လာတာလို့ ပြောခဲ့တယ်”

Hillaryသည် ခေါင်းငုံ့ကာ ငိုတော့သည်။  သူမက "ရှင်သိတဲ့အတိုင်းပဲ Tanya က ငါတို့ငယ်ငယ်လေးကတည်းက အရာရာတိုင်းအတွက် ငါနဲ့ ပြိုင်နေခဲ့တာ။  ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။  ငါသူမကိုထားခဲ့စေချင်ရုံပဲ။  ငါ့ရဲ့ အရာအားလုံးကို ကာကွယ်စောင့်ရှောက်ချင်တယ်!"

သူမက Joel ကိုတစ်ဖန်ပြန်ကြည့်ကာ "ပြီးတော့ Miaလည်း ရှိသေးတယ်။  အနီးနားက သူငယ်တန်းကျောင်းတွေ အများကြီး ရှိပါလျက်နဲ့ သူဘာလို့ အဲဒီကျောင်းကိုမှ သွားရတာလဲ။  Mia က ကျွန်မတို့ရဲ့ သမီးဆိုတာ သူသေချာပေါက် သိနေလို့ သူအဲ့ကျောင်းကို သွားခဲ့တာ။  Joel သူမက ငါတို့ကို Miaကို အသုံးချပြီး လက်စားချေဖို့ ကြိုးစားနေတာ။ သူလယ်လို လုပ်လိုက်လဲတော့ မသိပေမဲ့ Miaက သူ့ဘက်ကနေ ပါနေပြီ။  ပြီးတော့ သူတို့ တွေ့တာ တစ်ရက်ပဲရှိသေးတယ် ကလေးကို သူ့ကို တွေ့ဖို့ ပြောနေပြီ ..."

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now