Bossy CEO၊ Yo~

2.4K 323 0
                                    

အပိုင်း ( ၁၁၇ ) - Bossy CEO၊ Yo~

Cherry က  သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ပြီး ချက်ချင်းပင် သူမ  ပြိုင်ဘက်ရဲ့ အဆင့်အတန်းကို လွန်ကဲစွာ ခွဲခြားခံရချိန်တွင် Chesterက အစောထဲက သတင်းရရှိထားပြီးဖြစ်သည်။

ဖြစ်ချင်တော့ သူ့ ဘဏ်အကောင့်ထဲမှာ ပိုက်ဆံမရှိဘူးဆိုတော့ ပိုက်ဆံတောင်းဖို့ Justin ဆီကို ချက်ချင်း သွားရတော့တယ်။  ရလဒ်အနေနှင့်၊ တိုက်ရိုက်ထုတ်လွှင့်မှုက နောက်ပိုင်း ဖြစ်ပျက်ကိုတော့ သူသတိမ‌ထားမိခဲ့‌ပါ။

Justin ရဲ့အမေးကို သူချက်ချင်းခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်တယ်!  Sweetcherryက ငါ့ရဲ့Bossလေ ပြီးတော့ ငါတို့ မကြာခဏ ဂိမ်းအတူတူ ကစားကြတယ်လေ။"

Justin ၏ မျက်လုံးထဲတွင် အကြည့်များက နက်မှောင်သွားသည်။  "သူ့ကို လူချင်းကော တွေ့ဖူးလား"

Chester က “N-မတွေ့ဖူးဘူး…”

Pete "..."

အန်ကယ်Chester ၊ မင်းမျက်လုံးတွေက  အာဏာရှင်ကို မကြည့်ဘဲ၊ ဒါမှမဟုတ် ချောင်းဆိုးပြီး ခေါင်းကုတ်သလိုမျိုး ယောက်ယက်ခတ်နေတာမျိုး မလုပ်ရင် မင်းကို ပိုယုံကြည်လိမ့်မယ်။

ခေါင်းကို မော့ပြီး အာဏာရှင်ကို တိတ်တဆိတ် သူကြည့်လိုက်သည်။  သို့သော်လည်း Justin သည် သူပြောသည်ကို ယုံပုံရပြီး မည်သည့်အချက်အလက်အတွက်မျှ သူ့ကို ဖိအားပေးခြင်းမရှိပေ။  သူ့အနားကို ဖြတ်လျှောက်လာပြီး ပြောလိုက်တယ်

“သူမ မလိုအပ်တော့ဘူး”

Chester: "?"

သူ့ဖုန်းကို ဖွင့်ကြည့်လိုက်သည်။  ထိုအချိန်တွင် Cherryကို  သူမရဲ့ ပြိုင်ဘက်က အပြတ်အသတ်ရှုံးနိမ့်ခဲ့ကြောင်း သူတွေ့ရှိခဲ့သည်။

Ikaက ချမ်းသာတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူဖြစ်သော်လည်း၊ Chester ကဲ့သို့သော ထိပ်တန်း  ချမ်းသာသော ဒုတိယမျိုးဆက် အမွေဆက်ခံသူလဲ အနိုင်ယူနိုင်မည့် နည်းလမ်းမရှိပါ။ Ikaမပြောနဲ့   Chester ရဲ့ မုန့်ဖိုးတောင်မှ ဒေါ်လာ 1.5 သန်းထက် မပိုပါဘူး ။

ထို့ကြောင့် Ikaက ယှဉ်ပြိုင်မှုကို ချက်ခြင်း အရှုံးပေးလိုက်သည်။  သူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာတောင် သူက ဟာသလုပ်ပြီး " ဟူး၊ ငါ့မိသားစုက ဒေါ်လာ ၁၅ သန်းပဲရှိတယ်၊ အဲဒါကြောင့် ငါတို့က ဒေါ်လာ ၇၅ သန်းရှိတဲ့ Sweetie မိသားစုလောက် မချမ်းသာဘူးပေါ့။အခုတော့   ငါရှုံးသွားပြီပဲ…”

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now