ဘေးကလူ

2.2K 325 0
                                    

အပိုင်း ( ၉၂ )- ဘေးကလူ

Whitney သည် စာသင်ချိန်အတွင်း ဖုန်းမကိုင်တတ်ပါ။  သို့သော်၊ သူမသည် သူမ၏ခင်ပွန်းအတွက် ထူးထူးခြားသော ဖုန်းမြည်သံကို သတ်မှတ်ထားခဲ့သည်။

Whitney သည် ပရော်ဖက်ရှင်နယ် အကသမားဖြစ်ပြီး Lowesက  Bob နှင့် လက်ထပ်ပြီးနောက် သူမအား ကောင်းစွာ ဆက်ဆံခဲ့သည်။ ထိုအရာကပဲ သူမအား မောက်မာလွန်းစေသည်အထိ ယုံကြည်ချက်တွေ လွန်ကဲလာတော့သည်။

ဖုန်းခေါ်နေတာ သူ့ခင်ပွန်းဖြစ်ကြောင်း သိလိုက်ရတော့ ကလေးတွေကို သူတို့ရှိရာမှာ ခဏလောက် ဆော့ကစားဖို့ ပြောခဲ့လိုက်တယ်။  ထို့နောက် သူမ တခြားနေရာသို့ လျှောက်သွားကာ အိတ်ထဲမှ လက်ကိုင်ဖုန်းကို ထုတ်ကာ ဖုန်းကိုင်လိုက်သည်။

Cherryက သူမ ငယ်ရွယ်စဉ်ထဲက မည့်သည့် အခက်အခဲ တစ်ခုလေးကိုမှ မကြုံးဖူးခဲ့ပေ။ သူမသည် အတက်အဆင်း၊ ခြေထောက်ခွဲခြင်း စသော အကြောဆန့်လေ့ကျင့်ခန်းများက လုပ်ဖို့  အလွန်ခက်ခဲသည်ကို အမှန်ပင် တွေ့ရှိခဲ့သည်။

သူမရဲ့ ခြေထောက်တစ်ဖက်ကို သေးငယ်တဲ့ ခွေးခြေခုံလေးမှာ တင်ထားပြီး  လက်သေးသေးလေးတွေက သူမရဲ့ ခြေချောင်းတွေကို ထိဖို့ ရှေ့ကို ဆန့်ထုတ်ဖို့ ကြိုးစားနေတယ်…

ကလေးတွေက အတော်လေးကို လိုက်လျောညီထွေရှိကြတယ်။  ဒါ့အပြင် သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း ကခုန်ဖို့ အရမ်းသင့်တော်တာမို့ တစ်ချက်တည်းနဲ့ အောင်မြင်ခဲ့တယ်။

သူမ စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်သည်။  တခြားကလေးတွေ ဆော့နေတာတွေ့တော့ အနားယူဖို့ ဆုံးဖြတ်လိုက်တယ်။  သို့သော် ထိုအချိန်တွင် သူမသည် ကျယ်လောင်စူးရှသော အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။

"Cheryl Smith!!"

Cherryလန့်လွန်းလို့ တုန်တောင် တုန်သွားသည်။  Whitney သည် သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။  သူ့မျက်လုံးရဲ့ အဖြူရောင်အပိုင်းက တခြားသူတွေထက် ပိုကြီးတာမို့ ဒီလိုတစ်စုံတစ်ယောက်ကို စိုက်ကြည့်တဲ့အခါ အနည်းငယ် ကြောက်စရာကောင်းတဲ့ပုံပေါက်ပါတယ်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now