ရှင့်ရဲ့ စျေးနှုန်းကို ပြောပါ၊ Mr Hunt

2.5K 372 9
                                    

အပိုင်း ( ၈၁ )- ရှင့်ရဲ့ ဈေးနှုန်းကို ပြောပါ၊ Mr Hunt

လူ အနည်းစုက Noraကို လှည့်ကြည့်လာကြသည်။

Sheril အနားတွင် ငြိမ်သက်စွာ ရပ်နေကာ သူမ၏ မျက်လုံးများ အနည်းငယ်မှေးမှိန်နေပြီး သူမကို ကြည့်ရတာ အလွန်ပင်ပန်းပြီး အိပ်ချင်နေပုံရသည်။

Sheril ကို တစ်ချက် ကြည့်လိုက်ပြီး "သူအားတဲ့အချိန်ကျရင်  သူ့ကို ဖုန်းဆက်ပြီး သင်ပြပေးဖို့ Andersons ဆီကို လာခိုင်းလိုက်မယ်"

“…”

အနည်းစုက ခဏတာ ငြိမ်သွားတယ်။

Caden သည် ပထမဆုံး ပြန်လည် သတိဝင်လာသူဖြစ်သည်။  သူက စိတ်အားထက်သန်စွာနဲ့ မေးတယ်။

“တကယ်ပဲ Andersons က Tanya Turner ကို ဖိတ်နိုင်တာလား”

သူက Sheril ကို တော်တော်လေး သဘောကျပါတယ်။

ကခုန်ကြတဲ့  ချမ်းသာတဲ့ မိန်းမပျိုတွေထဲမှာ Sheril က အချောဆုံးဘဲ၊ ပြီးတော့ သူမ ပတ်ဝန်းကျင်မှာလဲ နူးညံ့သိမ်မွေ့တဲ့ အသွင်အပြင်လည်း ရှိတယ်။

အထူးသဖြင့်၊ သူမသည် ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးနှင့် ကောင်းသောတန်ဖိုးများ နှစ်ခုလုံးရှိပြီး သူမ၏နောက်ခံကလဲ ကောင်းပေမဲ့ သူ့ကို တစ်ခါမှ မထီမဲ့မြင်ပြုခဲ့ဖူးခြင်း မရှိဘူး။

အချိန်ပိုင်းအလုပ်ကနေ ရရှိတဲ့ငွေနဲ့ ဒေါ်လာ ၁၅၀ လောက်ပဲတန်တဲ့ ဆွဲကြိုးကို ဝယ်ပြီး သူမရဲ့ တုံ့ပြန်မှုကို စမ်းသပ်ကြည့်လိုက်တော့  Sheril က သူ ပေးလိုက်တာနဲ့ ချက်ချင်း သူမ ဝတ်ထားတဲ့ ဂဏန်း၎‌လုံးလောက်ရှိတဲ့ Clover motif Van Cleef & Arpels လည်ဆွဲကို ချက်ခြင်း ဖြုတ်ပစ်လိုက်တယ်။ ပြီးတော့  သူပေးတဲ့ လည်ဆွဲကို ချက်ချင်း ဝတ်ခဲ့တယ်။

သူမသည် အကကို နှစ်သက်သော်လည်း ဝါသနာတစ်ခုအနေဖြင့်သာ ရှိသည်။  သူမသည် အကကို အရမ်း ရူးသွပ်နေတာတော့ မဟုတ်ပေ။

ယင်းအစား၊ သူမသည် ဆေးဝါးစမ်းသပ်မှုများပြုလုပ်ရန် ဓာတ်ခွဲခန်းတွင်နေလိုပြီး နည်းပညာထူးချွန်သူဖြစ်သည်။

Caden သည် ယခင်က သူမအား သူ့ရဲ့ အငှားတိုက်ခန်းသို့ တစ်ကြိမ် ခေါ်ဆောင်သွားခဲ့ဖူးသည်။  430 စတုရန်းပေကျယ်ဝန်းသော စတူဒီယိုတိုက်ခန်းတစ်ခုသာဖြစ်ပြီး သူမ၏အိပ်ခန်းလောက်ကျယ်မည်မဟုတ်ပေ။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now