အဖေနှင့်သမီး အချင်းချင်း အသိအမှတ်ပြုခြင်းကို မတားမြစ်သင့်ပါ။

2.6K 269 1
                                    

အပိုင်း ( ၁၁၀ )-  အဖေနှင့်သမီး အချင်းချင်း အသိအမှတ်ပြုခြင်းကို မတားမြစ်သင့်ပါ။

ကံမကောင်းစွာဖြင့် Tinaကတော့ ဗီလာထဲကို မ၀င်နိုင်တော့ပါ။  Justin ရဲ့ ဖုန်းကိုလည်း သူမ မခေါ်နိုင်ခဲ့ပါဘူး။ သူမက ပိတ်ရက်ဖြစ်လို့ ရုံးမသွားပါ။  ထို့ကြောင့် သူမက တံခါးဝတွင်သာ စောင့်ဆိုင်းနေခဲ့သည် ။

တစ်ချိန်တည်းမှာပင် Andersons တွင်။

Noraနိုးလာချိန်တွင် Cherryသည် Melissaနဲ့ ကစားနေတာ ဖြစ်သည်။  သူ့ အကျောတွေကို ဆန့်ပြီး ရေချိုးဖို့ သွားလိုက်တယ်။  ထို့နောက် သူမ အောက်ထပ်သို့ အေးအေးလူလူ ဆင်းလာခဲ့သည်။
နေ့လည်စာစားပြီးနောက် Melissa နှင့် Cherry က အတူရှိနေခဲ့သည်။

တခြားတစ်ယောက်ယောက်လည်း သူတို့နဲ့ အတူတူရှိနေခဲ့တယ်—တကယ်တော့ အဲ့ တခြားတစ်ယောက်က Sheena ပါပဲ။  သူမကို မတွေ့တာတောင်ကြာပြီ။ အခုချိန်မှာ သူမက မျက်နှာမှုန်ကုပ်ကုပ်နဲ့ ဖြစ်နေတဲ့အပြင် ရန်လိုနေတဲ့ အကြည့်များလဲ ရှိနေသည်။ 

သူမက “နင် ဘာလုပ်လိုက်တာလဲ?Loweတို့ဘက်က အိမ်‌ခြံမြေ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းပေးလာတာကို ဘာလို့ငြင်းလိုက်ရတာလဲ"

Simonက  အောက်တွင် Sheena ရောက်နေမှန်းသိတော့  အပေါ်ထပ်
စာကြည့်ခန်းထဲကနေ ထွက်လာခဲ့တာ
ဖြစ်သည်။  သူ့အမေးကိုကြားတော့ သူနည်းနည်း ထိတ်လန့်သွားပြီး မေးလိုက်မိတယ်။

“ဘယ် ရင်းနှီးမြုပ်နှံမှုအခွင့်အရေးကို ပြောနေတာလဲ”

Sheena သည် Melissa ကိုကြည့်ကာ "အဲ့ဒါအစား သူ့ကိုသာ အဲ့အကြောင်းတွေကို ပြောပြခိုင်းလိုက်!"

Melissa က သက်ပြင်းချလိုက်ပြီး Simonကို ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိုက်တယ်။

Noraကတော့  ထိုအဖြစ်အပျက်များကို ပြန်ပြောပြနေစဉ် ထိုင်ခုံတစ်လုံးတည်းရှိတဲ့ ဆိုဖာပေါ်တွင်သာ ထိုင်နေသည်။  သူမ နှုတ်​ခမ်းကို အသာကိုက်နေရုံက လွဲပြီး ဘာမှမပြောပေ။ 

အဲဒါကို တွေးကြည့်တော့ အန်တီ Melissa က Andersons မှာ လက်ထပ်ရတာ တကယ်ကို အံ့သြစရာပါပဲ။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now