ခွဲစိတ်ခြင်း!!

4.3K 579 4
                                    

 
ရုပ်ရှင်ကို စိတ်မဝင်စားတဲ့ Justin ရဲ့ အမူအရာက သူမလုပ်ခဲ့တာတွေကို မြင်ပြီးတာနဲ့ ချက်ချင်း သူမျက်မှောင် ကြုတ်မိသွားတယ်။

သူ့သမီးကို ကျွေးမယ့်အစား သူ့သားကို ကျွေးတယ်။

ဒီလိုအရာမျိုးက သူ့ကို စိတ်ကျေနပ်အောင် လုပ်ဖို့ ကြိုးစားတာမဟုတ်ရင် သူ့လုပ်ရပ်တွေကို သူဘယ်လို အဓိပ္ပာယ်ဖွင့်ရမှာလဲ!

ဘေးနားမှ အေးစက်သော အရိပ်အယောင်ကို ခံစားရသောအခါ Noraသည် သူမ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ အပေါ်ကို လှမ်းကြည့်လိုက်သည်။

စူးရှသောအကြည့်များရှိနေသည့် Justin ၏ နက်နဲပြီး နက်မှောင်သောမျက်လုံးများနှင့် ရင်ဆိုင်ရသောအခါတွင် သူမသည် တခဏမျှ ထိတ်လန့်သွားသည်။

သူမ အိပ်မက်မက်နေတာလား?

မဟုတ်ရင် Justin ကို ရုပ်ရှင်ရုံမှာ ဘာလို့တွေ့နေရတာလဲ။

သူမရဲ့  အိပ်ငိုက်နေတာတွေ ချက်ခြင်းပဲ ပျောက်ကွယ်သွားသည်။

ပျင်းရိစွာနဲ့ မျက်နှာကို အသာပြန်ငုံ့ပြီး တွေးမိတာက ဒါက တိုက်ဆိုင်မှုလား။  ဒါမှမဟုတ် Justin က ငါ Anti လို့ သံသယရှိလို့ ငါ့ကို ဖော်ထုတ်ဖို့ လာတာလား။

အဲဒါက ပြဿနာပဲ

သူမ မမြင်ချင်ယောင်ဆောင်ချင်ပေမယ့် သူမရဲ့ စိတ်ထဲမှာ ဒီယောက်ျားက သူမကို အခုထိ စိုက်ကြည့်နေပုံရတယ်လို့ သူမကို ပြောပြနေတယ်။  ထို့အပြင် သူ့မျက်လုံးများတွင် ရန်လိုသော အကြည့်မျိုး ရှိနေသည်။

Nora သူ့ဘက်လှည့်ကာ ပုံမှန် ပြောနေကျအတိုင်း နှုတ်ဆက်လိုက်သည်။  "တိုက်ဆိုင်လိုက်တာ Mr Hunt "

တိုက်ဆိုင်မှုတဲ့လား။

Justin ရဲ့ မျက်နှာက အကြည့်တွေ ပိုနက်နဲလာတော့တယ်။  "ငါတို့ရုပ်ရှင်အတူတူ ကြည့်ရတာကို စိတ်မညစ်ပါဘူး ဒါပေမယ့် ငါတို့ထိုင်ခုံတွေကတောင် တစ်ခုံနဲ့တစ်ခုံက ဘေးချင်းကပ်မှာရှိနေတာ ဒါ  တကယ့်ကိုပဲ  တိုက်ဆိုင်မှုတစ်ခုပဲနော်!!”

Nora သူ့စကားကြောင့် အံ့ဩသွားရသည်။

သူကဘာလို့ ဒီလောက် ရွဲ့စောင်းနေရတာလဲ။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now