အပိုင်း ( ၁၅၈ )

1.1K 131 4
                                    

အပိုင်း ( ၁၅၈ ) - DNA စစ်ဆေးမှုရလဒ်များ ထွက်ပြီ။

Nora ၏ အတွေးများအလယ်တွင်ရှိနေခိုက်  Henry သည် ကော်ဖီစားပွဲပေါ်ရှိ ခွက်များကို မြေပြင်ပေါ်သို့ ရုတ်တရက် ပစ်ချပလိုက်သည်။

ကျယ်လောင်သော ကွဲသံနှင့်အတူ ခွက်များသည် အပိုင်းပိုင်းကွဲသွားသည်။

နဖူးပေါ်ရှိ သွေးကြောများ ထောင်နေသော Henryသည် သူ့နေရာတွင် ရပ်ကာ “Nora၊ ငါက မင်းအဖေပါ!  ဒါက ဘယ်တော့မှ မပြောင်းလဲတဲ့ အရာပဲ။  မင်းငါ့ကို စွန့်ပစ်ပြီး မင်းကိုယ်တိုင် ချမ်းသာခဲ့ရင်တောင်  မေ့သွားနိုင်တယ်။ ဒါပေမဲ့  မင်းငါ့ကို ဂရုမစိုက်ရင် ထောင်ကျအောင် ငါလုပ်ပစ်မယ်!"

ထို့နောက် သူသည် Simonကို ပြန်ကြည့်ကာ “အန်ဒါဆင်ဘက် ဒီကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော့ကို ယနေ့ပဲ ရှင်းလင်းချက် ပေးရပါမယ်။   Carefree Pills ရဲ့ အမြတ်ဝေစုအတွက် စာချုပ်တစ်ခု ရေးဆွဲမလား ဒါမှမဟုတ် ချက်ချင်းငွေပေးမလား တစ်ခုရွေး!"

ဆိုဖာပေါ် ပြန်ထိုင်လိုက်သည်။

Simon သူ့ရဲ့ လုပ်ရပ်နဲ့ ပြောဆိုပုံကို မကြိုက်သကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။

Henryသည် ရုတ်တရက် ဒေါသတကြီး ထလာပြီး ကော်ဖီစားပွဲကို ရိုက်ကာ ခွက်များကို ကွဲအောင်လုပ်လိုက်သည့် လုပ်ရပ်သည် Mirandaနှင့် Rachelကို တုန်လှုပ်သွားစေခဲ့သည်။  သို့သော်၊ Melissa နှင့် Mrs. Anderson သည် ယခင်ကကဲ့သို့ တည်ငြိမ်ပြီးနေနေသည်။   ထိုသို့သော မြင်ကွင်းများကို မြင်ဖူးပုံရသည်။

Simonဘက်က တစ်ခုခု ပြောတော့မဲ့ အချိန် Noraရဲ့ အေးစက်သောအသံက ထွက်ပေါ်လာသည်။ 

“နည်းနည်း စိတ်လျှော့ဖို့ အကြံပေးချင်ပါတယ်။  ဒီလိုမှမဟုတ်ရင် ရှင် ပိုက်ဆံတစ်ပြားမှ မရရုံအပြင် ဒီခွက်တွေအတွက်လည်း ပေးချေရလိမ့်မယ်။”

Henry က “ဘာလို့လဲ၊  မင်းက ငါ့ကို ပိုက်ဆံမပေးဘဲ သေပွဲဝင်ဖို့ စီစဉ်နေတာလား။  ဒီလိုဆိုရင် ဒီကိစ္စကို အများသူငှာ သိအောင်လုပ်ဖို့ ဝန်မလေးဘူး။   အန်ဒါဆင်တွေက Smiths ရဲ့ Carefree Pill ကို ဘယ်လို အသုံးပြုနေကြတယ်ဆိုတာကို အပြင်မှာ လူတိုင်းကို ပြောပြလိုက်မယ်။”

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now