အပိုင်း ( ၁၃၇ ) - အဖေနှင့်သမီး အကြွေးတောင်းနေ။

2.4K 307 0
                                    


ဒါပေမယ့် Justin က သူ့ကို စကားပြောခွင့်မပေးခဲ့ပါဘူး။  သူက အေးစက်စွာဆက်ပြောတယ် “သူငယ်တန်းကျောင်းနဲ့ ပဲ စကားပြောတော့မယ်။  မစ္စ Turnerက အခုကစပြီး  Huntsမိသားစုရဲ့ အကာအကွယ်အောက်မှာ  ရှိနေတော့မှာ"

အဲဒါကို ပြောပြီးတာနဲ့ ဖုန်းချသွားတော့ Joelလဲ နားမလည်ပဲ အူကြောင်ကြောင် ကျန်နေခဲ့တယ်။

Justinက Cherryကို နူးညံ့စွာကြည့်ကာ “အဲဒီကို အဖေ ဖုန်းဆက်ပြီးပြီ။  စိတ်မပူနဲ့တော့  Pete"

အခုပဲ Cherry က ရုတ်တရက် ပြေးလာပြီး သူ့မွေးစားအမေကို တစ်စုံတစ်ယောက်က အနိုင်ကျင့်နေတယ်လို့ ပြောတဲ့အတွက် သူမအဖေကို  Smiths နဲ့ စကားပြောစေချင်တယ်လို့  သူမ ဒီလိုပြောတဲ့အခါ သူ အတော်လေး အံ့အားသင့်သွားခဲ့တယ်။

သို့သော် သူသည် အလွန်လျင်မြန်စွာပဲ တုံ့ပြန်ခဲ့ပြီး ဒီအချိန်သည် သူ့အတွက် အခွင့်ကောင်းဖြစ်ကြောင်း သိလိုက်သည်။

အဲ့တော့ သူက  သူ့အမျိုးသမီးလေးရဲ့ အချစ်ဆုံးသူငယ်ချင်းကို ဘယ်တော့မှ စော်ကားခွင့် မပြုနိုင်ဘူး။

ထို့ကြောင့် သူဖုန်းဆက်လိုက်သည်။  သူ့အတွက်ကတော့ လက်ညှိုးထိုးပြရုံကလွဲလို့ ဘာမှမဖြစ်ပါဘူး။

Cherryက ခေါင်းညိတ်ပြီး "Okie-Dokie!"

သို့သော်လည်း Justin သည် သူမအား စိုက်ကြည့်နေဆဲပင်။

Cherryက မျက်တောင်ခတ်ပြီး "ဘာကိစ္စရှိလို့လဲ ဖေဖေ"

ဒီနေ့ Cherryလေးကို မချစ်ဘူးလား?

Justin က သူ့သမီးကို ကြည့်နေရင်း ပြောလိုက်တယ်။

"မင်းအမေကို ဖုန်းဆက်ပြီး ဒီအကြောင်း ပြောသင့်တယ်"

အခုလို သူ့ဘက်က ကောင်းတာ လုပ်ပေးထားတာကို မျက်နှာရဖို့ အတွက် ဘာကိစ္စ နှုတ်ဆိတ်နေရမှာလဲ။ 

Cherryကလဲ  ခေါင်းညိတ်ပြပြီး သူ့အဖေကို ပြန်မေးလိုက်တယ် "ဘာလို့လဲ"

မျက်ခွံတောင်မခတ်ဘဲ Justin က "မင်းအမေကို မင်းသာ ဖုန်းဆက်လိုက်ရင် ဒီကိစ္စအတွက်   စိတ်ပူစရာ မလိုတော့ဘူးလေ"

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now