ဆေးလုံးများ

3.4K 436 0
                                    

ဆေးဖက်ဝင်အပင်များကို အနက်ရောင်ပလပ်စတစ်အိတ်ထဲတွင် သိမ်းဆည်းထားသည့် Noraက “ဒါက ဆေးဖက်ဝင်အပင်တချို့ပဲလေ။  အဖွားရဲ့မျက်လုံးကို ကုသဖို့ ရည်ရွယ်ထားလို့ပါ။"

Melissa အနည်းငယ် အံ့သြသွားသည်။  "သမီးက တိုင်းရင်းဆေးပညာမှာကော ကျွမ်းကျင်တာလား"

Sheena က "သူမက တိုင်းရင်းဆေးကို သိတယ်?သူမဘာသာ စိတ်ထဲမှာ ထင်တာကို ၀ယ်လာတဲ့ တစ်ခုပဲ မဟုတ်လား။ ဟက် နင့်အဖွားက မျက်စိမမြင်တာ နှစ် ၂၀ကျော်နေခဲ့ပြီ။ ငါတို့ သူမကို ကုဖို့ အတွက် ဆရာဝန်ပေါင်း များစွာနဲ့ တွေ့ပေးခဲ့ပေးပြီးပြီ။ ဘယ်သူကမှ လဲ မကုနိုင်ခဲ့ကြဘူး။ သူမအတွက် ဘယ်ကမှန်းမသိတဲ့ ဆေးတွေနဲ့ ကုဖို့ဆိုတာ မဖြစ်နိုင်ဘူး။  နင့်အဖွားက ဒီနှစ်တွေမှာ ဆေးကုမရတဲ့အပြင် တော်တော်‌ဆိုးနေပြီ။  တကယ်လို့ နင့်ရဲ့ ဘယ်ကမှန်း မသိတဲ့ ဆေးနဲ့ကုလိုက်လို့ အမှားဖြစ်သွားရင် နင်က တာဝန်ယူမှာမို့လို့လား။ "

သူမ၏ ရွဲ့စောင်းပြောဆိုမှုကြောင့် Nora  မျက်မှောင်ကြုတ် သွားခဲ့သည်။

Simon က “တော်လောက်ပြီ Sheena!  Noraက အခုထိငယ်သေးတယ်။  အဲဒါကို ဘာလို့ ဒေါသထွက်နေရတာလဲ။ "

Sheena သည် ချက်ခြင်းပင် Simon နှင့် အပြင်းအထန် ငြင်းခုန် ရန်ဖြစ်ကြတော့သည်။

Nora က ဘာမှ ပြန်မပြောတော့ဘူးလို့ ဆုံးဖြတ်ပြီး အပေါ်ထပ်က အဖွားရဲ့ အခန်းဆီကို တန်းတန်းမတ်မတ် သွားလိုက်တယ်။

အခန်းထဲမှာတော့ အဖွားက ဆိုဖာပေါ်မှာ အနားယူနေတယ်။  သူမက အောက်ထပ်က ငြင်းခုံသံကြားလို့ တိတ်တိတ်လေး ငိုနေပုံရတယ်။  တံခါးဖွင့်သံကြားတော့ တံခါးဘက်ကိုလှည့်ပြီး မေးလိုက်သည်။

“ဘယ်သူလဲ”

အဒေါ်ကြီးသည် အလွန်အသက်ကြီး နေပြီဖြစ်သည်။  သူမ၏မျက်လုံးများသည် ဗလာဖြစ်နေပြီး ငွေရောင်ဆံပင်များကို သူမနောက်တွင် သပ်သပ်ရပ်ရပ် ချည်နှောင်ထားသည်။  အခန်းတွင်းရှိ မီးများကို ပိတ်ထားသည်။  သူမအတွက် ဘာကိုမျှမမြင်ရသည့်အတွက် သူမ ဘာကိုမှ မလိုအပ်ပါ။  ဤမြင်ကွင်းသည် ‌ကြေကွဲဖွယ်ရာ တစ်ခုကဲ့သို့ ဖြစ်နေသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now