ကုသ၍ မရသော ရောဂါ

2.8K 388 0
                                    

အပိုင်း ( ၆၆ )- ကုသ၍မရသောရောဂါ

သူ့ကို နည်းနည်းမှ မဝံ့ရဲတဲ့ Jon က

"ကောင်းပါပြီ!"

မထွက်ခင်မှာ သူက Noraကို ကြည့်ပြီး "မင်းက ငယ်သေးတယ်၊ ဒါကြောင့် မင်း နည်းနည်းလောက် ပြန်စဉ်းစားသင့်တယ်။  Mr. Smith နောက်ထပ် အချိန်မဖြုန်းဘဲ မြန်မြန် သွားလိုက်ကြရအောင်။”

Jon နှင့် Tina ထွက်သွားပြီးနောက် သူတို့ပတ်ဝန်းကျင်မှလူများသည် Nora အနီးတွင် စုရုံးလာကြတော့သည်။

"ဒါဆို မင်းက Yvette Anderson ရဲ့သမီးလား။  Jonရဲ့ ကျောင်းသားဖြစ်လာတာက မင်းအတွက် အခွင့်ကောင်းတစ်ခုပဲ အဲဒါကြောင့်   လက်လွတ်မခံနဲ့!"

“သူမက ငယ်သေးတယ်၊ ဒါပေမယ့် Simon၊ မင်းသာ အသိဉာဏ်ရှိရင် အကောင်းဆုံးပဲ။  Tina ကိုပဲ ကြည့်။  သူမက Mr. Myersရဲ့ ကျောင်းသားဖြစ်လာပြီး နောက်မှာ သူမက Hospital Finest မှာ ကွင်းဆင်း တက်ရောက်နေတဲ့ သမားတော်တစ်ဦးဖြစ်လာခဲ့တာ။  သူမက ခုဆို ပိုတောင် နာမည်ကြီးလာတယ်…”

လူတိုင်း၏ ဖြားယောင်းသွေးဆောင်မှုကြားတွင် Nora သည် Joel နှင့် အခြားသူများထွက်ခွာသွားသည့်လမ်းကြောင်းကိုသာ  ငေးကြည့်နေခဲ့သည်။

Ian Smith က သေလုမြောပါးဖြစ်နေတယ်ဆိုတော့...

သူမသွားကြည့်သင့်သလား။

သို့သော်လည်း Joel ပြောခဲ့သည့်စကားကို သူမတွေးလိုက်မိ လိုက်သည်နှင့်  သူမသည် ထိုအတွေးကို စွန့်လွှတ်လိုက်သည်။

ကိစ္စမရှိပါဘူး။  လူတိုင်းမှာ ကိုယ့်ကံကြမ္မာနဲ့ ကိုယ်စီရှိကြတာပဲလေ။

ဆွေးနွေးတဲ့ အခမ်းအနားသည် Andersons အတွက် ပြီးပြည့်စုံသော ညှိနှိုင်းမှု တစ်ခု အဖြစ် အဆုံးသတ်ခဲ့သည်။  ဂိုဒေါင်ထဲမှာ စုပုံထားတဲ့ ကုန်ပစ္စည်းတွေ အကုန်ရောင်းကုန်ခဲ့တာ အပြင် Carefree Pills နှင့်အတူ၊ Harmonia Pharmacy ၏ တိုင်းရင်းဆေးလုပ်ငန်းတွင် ရပ်တည်ချက်များမှာလည်း အနည်းငယ်တည်ငြိမ်လာတော့သည်။

အနည်းဆုံးတော့ သူတို့သွားတဲ့အခါ တခြားသူတွေက သူတို့ကို အစတုန်းက လုပ်ခဲ့တဲ့အတိုင်း မထီမဲ့မြင် မကြည့်ကြတော့ဘူး။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now