ကပွဲမှာ သူမတို့ စကားများခြင်း ( ၁ )

2.2K 332 1
                                    

အပိုင်း ( ၈၃ ) - ကပွဲမှာ  သူမတို့ စကားများခြင်း ( ၁ )

တစ်ဖက်က ပေးပို့လာတဲ့ မက်ဆေ့ခ်ျကို ကြည့်ပြီးနောက် Nora စခရင်ကိုပိတ်လိုက်ကာ ဖုန်းကို သူမရဲ့ ဘောင်းဘီအိတ်ကပ်ထဲ ပြန်ထည့်လိုက်တော့သည်။  သူမ ပြန်မော့ကြည်လိုက်တော့ Rachel က သူမကို ကြည့်နေတာကို သတိထားမိလိုက်တယ်။  သူမက “ဟေး Sheril၊ နင့်ရဲ့ဝမ်းကွဲက ဘာလို့ ၀တ်စုံမဝတ်တာလဲ။  သူက မကဘူးလား"

Noraက  မိန်းကလေးတွေ ဝတ်ကြတဲ့ ဝတ်စုံကို မဝတ်ဘဲ ဘောင်းဘီကို ဝတ်လာတာက သူမက တမင် သက်သက် မကချင်လို့ ဒီလို ဝတ်လာခြင်း ဖြစ်သည်။

ချမ်းသာသော သူများနှင့် ရာထူးကြီးသူများသည် မည်သူ တစ်စုံတစ်ဦးမှ အရှက်မကွဲစေချင်သောကြောင့် သူတို့က လိမ္မာပါးနပ်စွာဖြင့် သူ့အနားကို မလာကြပဲ အဝေးကနေသာ ရှောင်သွားတတ်ကြသည်။

သို့သော် Rachelကတော့ အနားကို တမင်ရောက်လာကာ သူမက တိုက်ရိုက်ဆန်သော စကားများကိုပင် ပြောလာသည်။

Noraရဲ့ မျက်လုံးထဲက အကြည့်သည် မှိန်ဖျော့ သွားသော်လည်း သူမက ဘာမှမပြောသေးပေ။ သို့သော်  Sheril က "ဒီည ငါတို့နှစ်ယောက်လုံး မကဘူး"

"ဘာလိုလုပ် မကပဲ နေကြမှာလဲ။?"

Rachel က သူမဘာလို့ မကတာလဲဆိုတာ သိပေမဲ့ တမင် မေးခဲ့တာ ဖြစ်သည်။ ထို့နောက် သူမက ဆက်ပြီး ပြောခဲ့တယ်။

“ဘာလဲ နင့်မှာ Caden မရှိလို့ မကတော့တာလား။ ဘာလို့ အကပွဲအတွက် လူတစ်ယောက် မငှားလိုက်တာလဲ။"

သူမက ပြောလဲပြော Caden ကိုပါ လှမ်းဆွဲလိုက်သည်။

Sheril သည် Caden ကို အသာ  စိုက်ကြည့်လိုက်သည်။

အနက်ရောင် tuxedo ကို ဝတ်ထားသော အမျိုးသားသည် ချောမောပြီး နူးညံ့သိမ်မွေ့သောပုံပေါက်သော်လည်း သူမမျက်လုံးများကိုတော့ ရင်မဆိုင်ဝံ့ပေ။

Rachel က သူ့ကို ရှေ့ကို ဆွဲလိုက်တဲ့အခါ Caden က အလိုအလျောက် ပါလာပြီး သူ့ဘေးမှာ ရပ်လိုက်တယ်။  သူက "Rachel၊ ငါဒီည မင်းရဲ့အကအဖော်လုပ်ပေးမယ်လို့ ငါတို့ သဘောတူပြီးပြီ။  ငါ Sheril နဲ့ ကရင်ရော  မင်း ဘယ်လိုထင်လဲ။"

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now