အပိုင်း ( ၁၀၆ )- Sweetcherry က ရေပန်းစားနေသည်~

2.2K 284 1
                                    


အဆောက်အဦစီမံခန့်ခွဲတဲ့ ၀န်ထမ်း?

နှစ်စဉ်နှစ်တိုင်း သူ့အတွက် မွေးနေ့ဆုတောင်းပေးဖို့ လာခဲ့ကြပေမယ့် များသောအားဖြင့် ညနေပိုင်းတွေပဲ လာခဲ့ကြတာ ဖြစ်သည်။ မွန်းတည့်အချိန်ကြီး သူတို့မလာနိုင်တာ သေချာသည် မဟုတ်လား။

ထို့အပြင် ဆယ့်နှစ်နီးပါးရှိနေပြီဖြစ်သည်။ မစ္စ Smith က ဘာလို့ ဒီကို မလာသေးတာလဲ။

သူမ လာဖို့ မရည်ရွယ်တော့ဘူးလား?

ဒီအတွေးက Justin ကို မငြိမ်မသက် ဒေါသလှိုင်းတွေ ထလာပြီး ချက်ခြင်း ထရပ်လိုက်တယ်။ သူ့မျက်လုံးများက တံခါးကို စူးစူးစိုက်စိုက်စိုက်ကြည့်နေပြီး သူ့မျက်လုံးထောင့်ရှိ အလှတရား အမှတ်အသားများသည်ပင် အေးစိမ့်လာကာ မကျေနပ်မှုဖြင့် စိုက်ကြည့်နေသည်။

ထိုမြင်ကွင်းကို၊ သူ့ဖုန်းပေါ်တွင် ဂိမ်းကစားနေသည့် Chester က မြင်တော့"မင်းတစ်ယောက်ယောက်ကို စောင့်နေတာလား၊ Justin" လို့ မေးလိုက်တယ်။

"မဟုတ်ဘူး၊ ငါမစောင့်ပါဘူး" လို့ Justinက တစ်စက္ကန့်တောင် မစဉ်းစားဘဲ ငြင်းဆိုခဲ့ပါတယ်။

သူက ဒီမိန်းမကို သူနဲ့ရင်းနှီးဖို့ အခွင့်အရေးပေးခဲ့ပေမယ့် သူမကတော့ မယူတတ်ဘူးလေ။ ဒါက သူမရဲ့ဆုံးရှုံးမှုတစ်ခုပဲ။ အဲဒါ သူနဲ့ ဘာဆိုင်လို့လဲ။

ထိုအမျိုးသမီးက သူ့ကို ချစ်နေသည်မှာ ထင်ရှားသော်လည်း၊ ယခုတွင် သူက အဘယ်ကြောင့် ဒီလို ခံစားနေရသနည်း။

Justin သူ့အတွေးကြောင့် သူ့ဘာသာ အံ့အားသင့်သွားရသည်။

တံခါးနားရောက်တော့ Tina ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာတယ်။

အခုလေးတင် တံခါးဝမှာ Noraကို တွေ့တုန်းက မစ္စတာ Hunt က သူ့ကို ဖိတ်ခဲ့တာလို့ သူမ တကယ်ပဲ ထင်ခဲ့တာ။ သို့သော် ယခုအရာများကိုကြည့်လျှင် ထိုသို့မဟုတ်ပေ။ ဒီနေ့သည် မစ္စတာHunt၏ မွေးနေ့ဖြစ်ပြီး သူ့အနားကို ကပ်နိုင်ရန် ဒီကိစ္စကို တစ်နေရာမှ သူမကြားသိခဲ့ရသည်။

သူမက ဘယ်လောက်အရှက်မဲ့လိုက်လဲ။
ကလေးမွေးပြီးသားကိုများ Mr. Hunt ကို တောင် ဘယ်လိုမှန်းရဲတာလဲ၊ အဲဒါ
ကြောင့် သူက သူမကို တံခါးကိုတောင် မကျော်နိုင် ဖြစ်အောင် လုပ်လိုက်တာဖြစ်သည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now