Sponsor Daddyဆိုတာ ကိရိယာတစ်ခုလား။

2.1K 272 2
                                    

အပိုင်း ( ၁၁၃ ) - Sponsor Daddyဆိုတာ  ကိရိယာတစ်ခုလား။

Lawrenceတစ်ယောက် သူတံတွေးတွေကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ 

သူက အကြောင်းအရာတစ်ခုလုံးကို  ဂရုတစိုက်ကြည့်လိုက်ရာ sweetcherry ရဲ့ မျက်နှာဖုံးကို ချွတ်ပြတဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုက နာမည်ကြီးနေတဲ့
ပိုစ့်တစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။ 

ဓာတ်ပုံက Fakeလို့ တစ်ယောက်ယောက်က ပြောခဲ့မယ်ဆိုရင်တောင် Lawrenceကတော့ ဗီဒီယိုထဲက ကလေးက Peteရဲ့ မျက်နှာ ဖြစ်တာကို 100% နီးပါး မှန်တယ်ဆိုတာကို သေချာသိပါတယ်။

သူလဲ Screenက Peteရဲ့ မျက်နှာကို မယုံကြည်နိုင်စွာ ကြည့်ပြီး စိတ်ပိုင်းဆိုင်ရာ ပြိုကွဲသွားသလိုတောင် ခံစားလိုက်ရသည်။

ပို့စ်တွင် သူသည် ဂိမ်းရှိ အခြားကစားသမားတစ်ဦးအား "မင်းတို့မိသားစုတစ်ခုလုံး ဘာကိုမှ လုပ်ရတာ မကျွမ်းကျင်ဘူးလား?"

သူ့ရဲ့  ငယ်ရွယ်ပြီး နူးညံ့တဲ့ အသံလေး
ဖြင့် “Sponsor Grandpa~” လို ခေါ်နေတာတွေလဲ  ပါဝင်သည်။

သူ့ရဲ့ ‌ပြောစကားများထဲတွင်လဲ  'yeah' လို့ ထည့်ထားတတ်တာကို သူမြင်နေရတော့ သူ့ရဲ့ ဦးနှောက်ထဲ ဗလာတောင် ဖြစ်သွားတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ  ချစ်စရာကောင်းပြီး အသက်ဝင်နေတဲ့ ကလေးက အကြင်နာကင်းမဲ့ပြီး အထီးကျန်နေတဲ့ Peteဆိုတာ အမှန်တကယ်ပဲလား။

Lawrenceတစ်ယောက် တိတ်ဆိတ်နေတဲ့ စာကြည့်ခန်း ဝင်ပေါက်ဆီသို့ လျှောက်လာပြီး အတွင်းထဲသို့ ချောင်းကြည့် လိုက်သေးသည်။

Peteက စာကြည့်ခန်းထဲမှာ ထိုင်ကာ စာကို လေးလေးနက်နက် ဖတ်နေခဲ့တယ်။ သူ့ရဲ့ ၀တ်စားဆက်ယင်မှုကတော့ အရင်တိုင်းပါပဲ။ သူက တကယ်ပဲ တိုက်ရိုက်
လွှင့်တဲ့သူဆိုတာတောင် ပြောလို့မရဘူး....

Peteက နေမကောင်းဘူးလို့ Mr.Huntခံစားနေရာတာ သိပ်ပြီး အံ့သြစရာတော့ မရှိတော့ပါဘူး။ ကလေးက လက်ရှိခန္ဓာကိုယ်က တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါတဲ့ ကလေးနဲ့ လုံးဝကွဲပြားနေတယ်လေ။ သေချာပေါက်ကို schizophrenia ရှိနေတာ ဖြစ်မယ်!

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now