အပိုင်း ( ၁၃၆ )  - Justinရဲ့ ရှေ့တိုးလာသော ခြေလှမ်းများ 
 
 အိုး!
 Tanya က ပိုက်ဆံကို ယူလိုက်ပြီး သူ့မျက်နှာကို အဲ့ပိုက်ဆံတွေနဲ့ ကောက်ပေါက်လိုက်သည်။ 
 သူမ ပိုက်ဆံနဲ့ ကောက်ပေါက်လိုက်တာကြောင့် အဲ့ပိုက်ဆံတွေနဲ့ Hillaryနဲ့ မျက်နှာ ရိုက်မိပြီး သူမရဲ့ ခေါင်းတစ်ဖက်သို့ လှည့်သွားစေသည်။ သူမက Tanyaကို ဒေါသတကြီး ပြန်လှည့်ကြည့်လိုက်ပေမဲ့ Tanyaက သူမရဲ့ အကျီကော်လာကို ဆွဲလိုက်သည်။ သူမရဲ့ မျက်လုံးထဲမှာ နိုရာတွင်သာ ရှိခဲ့သော အလွန်အေးစက်ပြီး ပြင်းထန်ခက်ထန်သော ရောင်ဝါအချို့ ပေါ်လာခဲ့သည်။ 
 Tanya က "လွန်ခဲ့တဲ့ငါးနှစ်လောက်က Hillaryဆိုတဲ့ နင်ပြောတဲ့ စကားတွေက ငါ့ကို အရမ်းထိရောက်ကောင်းထိရောက် 
လိမ့်မယ်။ ဒါပေမဲ့ ၅နှစ်အပြီးအခု လက်ရှိအချိန်မှာတော့ ငါ့အတွက်က နင်ဆိုတာ အသေးအမွှားပဲ။ နင်က နင့်အဆင့် နင် မသိပဲ ဘာလို့ အခုလိုမျိုးတွေ ငါ့ကို လာပြောနေရတာလဲ"  
 ထို့နောက် သူမ Hillaryရဲ့ ကော်လာကို လွှတ်ပေးလိုက်ပြီး တွန်းထုတ်ပစ်လိုက်သည်။  သူတို့၂ယောက်ကြား အနည်းငယ် ကွာဝေးသွားမှ Tanyaက သူမကို စိုက်ကြည့်ကာ ပြောလိုက်တယ်။ 
" နင် ဒါကို သေချာမှတ်ထားတာ ကောင်းလိမ့်မယ်။  ငါ့ကို ထပ်ပြီး လာမနှောက်ယှက်နဲ့။  ငါအရင်တုန်းကလို သည်းခံနေမှာမဟုတ်ဘူး။ "
 ထိုသို့ပြောပြီးနောက် သူမသည် Pete ရဲ့လက်ကို တစ်ဖန်ဆွဲကာ ထွက်သွားတော့သည်။ 
 Hillaryကတော့ ခုနက ပိုက်ဆံတွေပြန့်ကျဲသွားတဲ့ နေရာမှာပဲ ရပ်ကျန်နေခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ ကျောင်းသားမိဘများက သူမကို ကြည့်နေကြသည်။ သူတို့ရဲ့ မျက်လုံးထဲမှာတော့ ရွံရှာဖွယ် အကြည့်များနဲ့ ပြည့်နေတာကြောင့် သူမ အရမ်းရှက်သွားရသည်။ 
 သူတို့အားလုံးက ချမ်းသာတဲ့ မိသားစုက လာကြတာဖြစ်တယ်။  ငွေဖြင့် ပြဿနာများကို ဖြေရှင်းတယ်ဆိုတာ အမှန်တကယ်ကိုမှ နိမ့်ကျလွန်းလှသည်။
 Hillaryက ခေါင်းကို ငုံ့ကာ သူ့ရဲ့ ပိုက်ဆံတွေကို ကောက်ကာ သူမရဲ့ ကားပေါ် အမြန်တက်သွားပြီး ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။  
                                      
                                  
                                              YOU ARE READING
စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )
Romanceသူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး နောက်မှာတော့ သူမရဲ့ လှပလာတဲ့ ပုံကို မြင်လိုက်ရတဲ့ အခါမှာတော့ ... Crd original author & Eng trans author 🙏🙏 This story isn't mine , just t...
