အပိုင်း ( ၁၇၂ )

474 61 0
                                    

အပိုင်း ( ၁၇၂ ) - ရှာဖွေတွေ့ရှိမှု

Henry သည် နှစ်များအတွင်း ကယ်လီဖိုးနီးယားတွင် တရားမဝင်စီးပွားရေးအချို့ကို လုပ်ဆောင်ခဲ့သည်။  အဆုံးတွင် အရှုံးပေါ်ခဲ့သော်လည်း ဥပဒေကို ဖောက်ဖျက်ခဲ့ပြီး ဖြစ်သည်။

Wendy က သူ့ကို တကယ်သတင်းပေးရင် Henry ထောင်ကျမှာပါ။

သူမ Henry ကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့သည်။

Wendy က "ကျွန်မတို့အိမ်ထောင်ကျတာ နှစ်အတော်ကြာနေပြီမို့ ကျွန်မ ရှင့်ကို ဘာမှ မချန်ထားခဲ့ပဲတော့ မနေပါဘူး။  ခရီးဆောင်အိတ်ရဲ့ ဘယ်ဘက်အိတ်ကပ်မှာ ရှင့်ရဲ့ ID ကတ်နဲ့ ဒေါ်လာ 30,000ရှိတယ်။  ဒီနှစ်အတွင်း ကျွန်မတို့ရဲ့  ခင်မင်ရင်းနှီးမှုကို ထောက်ထားတဲ့ အနေနဲ့ ပေးခဲ့တယ်။"

Henry ဒေါသထွက်စွာနဲ့  ဖုန်းထဲကို အော်ပြောလိုက်တယ် "လေယာဉ်ပေါ်ကဆင်း၊ Wendy!  အခုပဲ လေယာဉ်ပေါ်ကဆင်း။  ငါမင်းကိုတွေ့ချင်တယ်!  မင်းငါ့ကို ချန်ထားလို့မရဘူး!"

သူ့မျက်လုံးများ နီရဲနေပြီး ရုတ်တရက် ဒေါသများကြီးလာရသည်။ 

အသက်အရွယ် ကြီးတဲ့အချိန်မှာ သစ္စာဖောက်ပြီး စွန့်ပစ်ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး...

နောက်တော့ သူက  "Wendy!  Wendy ငါမှားသွားပါတယ်။   ငယ်ငယ်တုန်းက ဒီလိုအမှားမျိုး မလုပ်ခဲ့သင့်ဘူး။  ငါဘယ်လောက်မှားခဲ့လဲဆိုတာ ငါတကယ်နားလည်သွားပါပြီ။  ကိုယ့်ဆီပြန်လာပါ!  ပြန်လာပါကွာ!"

Wendy ၏ အသံသည် အလွန် နူးညံ့သော်လည်း စိတ်ပိုင်းဖြတ်ထားသည်။  သူမက “လေယာဉ်က ထွက်ခါနီးပြီHenry   သွားတော့မယ် bye bye။"

ထိုစကားကိုပြောပြီးနောက် သူမသည် ချက်ချင်းပင် ဖုန်းချသွားတော့သည်။

Henry က သူ့ဖုန်းကို စိုက်ကြည့်ပြီး ရူးသွပ်စွာနဲ့ ပြန်ခေါ်ပေမယ့် ဖုန်းထဲမှာ ကြားသမျှကတော့ “လူကြီး‌မင်း ခေါ်ဆိုသော ဖုန်းမှာ ဆက်သွယ်၍မရနိုင်ပါ။ ကျေးဇူးပြုပြီး နောက်တစ်ကြိမ် ခေါ်ဆိုပါရှင်"

ထို့နောက် Henry သည် ဘေးဘက်သို့ အပြေးအလွှားသွားလိုက်သည်။  ပြတင်းပေါက်တွေကနေတစ်ဆင့် ကယ်လီဖိုးနီးယားကို ထွက်ခွာမယ့် လေယာဉ်ကို သူမြင်တွေ့လိုက်ရသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now