အပိုင်း ( ၁၀၄ )- အဖေ့မွေးနေ့ပွဲကို ကျင်းပနဲ့တော့

2.1K 277 0
                                    

၂ပိုင်း ကျော်သွားတယ် မင်မင်တင်နေတာ Gomen😔😔


"ဖေဖေ?" Melissaလဲ  အံ့ဩသွားသည်။  "ဘယ်သူလဲ ဖေဖေဆိုတာ"

Nora က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်  “ Cherryရဲ့အဖေပါ”

Melissaက ပိုလို့တောင် စိတ်ရှုပ်လာတယ်။  "သူက New York မှာလား"

Nora ၏ နောက်ခံသမိုင်းကြောင်းကို ဆန်းစစ်ကြည့်သောအခါတွင် သူမသည် တရားမဝင် လိင်ပိုင်းဆိုင်ရာ ပြုမူခဲ့သော အပြုအမူကြောင့် အိမ်ထောင်မပြုမီ ကိုယ်ဝန်ရလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။  သို့သော်လည်း Melissa သည် သူမသည် ပျော့ညံ့သောမိန်းမဟု မထင်ထားသောကြောင့် သူမသည် လှည့်စားခံထားရတာ ဖြစ်မည်လို့သာ ထင်ခဲ့သည်။

ထို့ကြောင့် Cherryရဲ့ ဖခင်သည် လူဆိုးများ ဖြစ်မလားလို့ သူမ မသိစိတ်က တွေးနေမိသည်။

ယခုလည်း သူလုပ်သမျှအရာအားလုံးကို လိုက်ရှာဖို့ အတွက် New York ကို လာခဲ့တာလား။

သူမ အတွေးထဲ မျောနေစဉ် Noraသည် Cherry၏လက်ကို ကိုင်ကာ ထွက်သွားလေသည်။  Melissa က သူတို့နှစ်ယောက်ကို အနောက်ကနေ ကြည့်နေခဲ့သည် ။

ကြောင်လေးတစ်ကောင်လို အမြဲပျင်းရိနေတဲ့ လူကြီးက သူမရဲ့ လက်၂ဖက်ကို ခေါင်းနောက်ကို ပစ်ထားပြီး ဖြေးဖြေးချင်းသာ လမ်းလျှောက်နေတဲ့ သူ့ရဲ့ ဘေးမှာ ပါသွားတဲ့ ကလေးက သူ့အကျီကို ကိုင်ကာ သူမရဲ့ အမေအနားကနေ နာခံစွာနဲ့ လိုက်သွားခဲ့သည်။ 

သူတို့နှစ်ဦးလုံးသည် မူမမှန်တဲ့ နည်းလမ်းနဲ့ လမ်းလျှောက်သွားခဲ့ကြပေမဲ့ ထိုမြင်ကွင်းသည် ဘယ်သူမှ မပြောနိုင်လောက်အောင်  လိုက်ဖက်ညီပြီး ကြည်နူးဖွယ်ကောင်းသည်။ 

Nora သည် Andersonsမိသားစုမှ ကားကို ယနေ့ မောင်းမည်ဖြစ်သည်။  ကားထဲသို့ဝင်သောအခါတွင် သူမ၏ လှုပ်ရှားမှုများသည် သပ်ရပ်ပြီး သွက်လက်သည်။  သူမ Cherryကို နောက်ထိုင်ခုံမှာ ကောင်းကောင်းထိုင်ခိုင်းလိုက်တယ်။  ထိုင်ခုံခါးပတ်ကို ပတ်ပြီးနောက် သူမ စတင်ကာ မောင်းထွက်သွားသည်။ သူမရဲ့ကားမောင်းမှုက နည်းနည်းတော့ ရဲပေမယ့် Cherryကတော့ မကြောက်ဘူး။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now