အပိုင်း ( ၁၇၇ )

430 61 0
                                    

အပိုင်း ( ၁၇၇ ) -  သူမဘယ်သူလဲဆိုတာမင်းသိလား။

Tina နဲ့ Michael နှစ်ယောက်စလုံးက သူမပြောခဲ့တဲ့စကားကို ကြားတဲ့အခိုက်အတန့်မှာ ရပ်တန့်သွားကြပါတယ်။

Tina က သူမကို မယုံနိုင်စွာ ကြည့်နေမိသည်။  “စာရင်းထဲမှာတောင် မပါ‌တာပါဝင်ဖို့ စီစဉ်နေသေးတာလား။  နင်က ဘယ်လိုလုပ်မှာမို့လဲ"

နိုရာ သွားနေတဲ့ လမ်းကြောင်းကို ကြည့်လိုက်တော့ ဒါရိုက်တာ Shaw ရဲ့ ရုံးခန်းကို ဦးတည်နေသည်။ 

"ဒါရိုက်တာ Shaw ကို ထပ်ပြီး ပူဆာဖို့ စီစဉ်နေတာလား။  ဟက် နင်က  ...
လုပ်နိုင်ပါ့မလား…"

Michealသည် နိုရာဘေးတွင် ရှိနေသည်ကို သတိပြုမိသောအခါ၊ သူမသည် 'အရှက်ကွဲသည်ဖြစ်စေ၊ မကွဲသည်ဖြစ်စေ’သူမရဲ့ စကားကို ပြန်လည်မျိုချလိုက်သည်။  Tina သည် သူမ၏ လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ပြီး သူမ ပြောတဲ့ အကြောင်းအရာကို ပြောင်းလဲလိုက်သည်။  သူမက “…ဒီလိုလုပ်ရင် ဒါရိုက်တာ Shaw ကို အရမ်းတင်းကျပ်တဲ့ နေရာတစ်ခုမှာ ထားလိုက်ရသလို ဖြစ်နေမှာပေါ့။  မစ္စ Smith ပါဝင်မဲ့ သူစာရင်းကို လူတိုင်းသိပြီးပြီ။  Antiက လွဲပြီး မည်သူမျှ ပြုပြင်ပိုင်ခွင့်မရှိဘူး။  ဒါရိုက်တာ Shaw က စာရိတ္တကောင်းမွန်ပြီး ကျောင်းမှာ လေးစားဖွယ်ကောင်းတဲ့သူ ဖြစ်တယ်။ နင့်ကြောင့် စည်းမျဉ်းတွေကို ချိုးဖျက်ရင် သူ့ရဲ့ နောက်နှစ်တွေမှာ သူ့ဂုဏ်သိက္ခာတွေ ပြိုပျက်ကျသွားမှာကို ငါတကယ်ကြောက်မိတယ်။”

သူစကားပြောပြီးနောက် Michealကို တစ်ချက်ကြည့်လိုက်သည်—သေချာပါတယ်၊ ထိုလူက မျက်မှောင်ကြုတ်နေပါပြီ။  ထို့နောက် သက်ပြင်းကိုချကာ “ငါဘယ်လောက်ပဲပြောပြော အသုံးမဝင်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် အားလုံးကို အဆင်ပြေစေချင်တယ်။  တစ်ချို့အရာတွေက အရမ်းစိတ်မ၀င်စားတာ မစ္စ Smithအတွက် ပိုကောင်းပါတယ်။ ဒါဆို   ငါအရင်သွားလိုက်ဦးမယ်။"

ထို့နောက် သူမ လှည့်ထွက်သွားသည်။

ဒါပေမယ့် သူမ ထောင့်နားမရောက်ခင်မှာ Michealရဲ့ အေးစက်မာကျောတဲ့ အသံကို သူကြားလိုက်ရတယ်။  သူက "Anti ၏ခွဲစိတ်မှုမှာ ပါဝင်လိုတဲ့ ဆရာဝန်တွေ အများကြီးရှိတယ် Ms. Smith.  သူတို့ရဲ့ စွမ်းဆောင်ရည်တွေ၊ သူတို့ရဲ့ ချိတ်ဆက်မှုတွေကို မှီခိုအားထားတဲ့သူတွေလဲ ရှိတယ်။”

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now