လူတိုင်းတွင် အလွန်တက်ကြွသော စိတ်ကူးစိတ်သန်းရှိကြတယ်

2.2K 333 4
                                    

အပိုင်း ( ၈၈ )- လူတိုင်းတွင် အလွန်တက်ကြွသော စိတ်ကူးစိတ်သန်းရှိကြတယ်

ကလေးတွေမှာလည်း သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းဆိုတာ  ရှိကြတယ်။

Sineadရဲ့ အမေက အကဆရာမတစ်ဦးဖြစ်သောကြောင့် အတန်းထဲတွင် သူနှင့်ကစားခြင်းကို အလွန်နှစ်သက်သော ကလေးအနည်းငယ်ရှိသည်။

ထို့ကြောင့် Sinead က ထိုသို့ပြောသောအခါတွင် အခြားကလေး ၃ ယောက်မှ လေးဦးသည် သူမ၏နောက်တွင် ချက်ချင်းရပ်ကာ ထောက်ခံကြသည်။

"ဟုတ်​တယ်​ နင်က ​ဆိုးတဲ့ကောင်​မ​လေးဘဲ!  ငါတို့ နင်နဲ့ ကစားမှာ မဟုတ်ဘူး!”

"လူလိမ်၊ လူလိမ်။  နင့်ရဲ့ နှာခေါင်းတွေက ပိုရှည်လာလိမ့်မယ်!"

“…”

Sinead သည် Cherryကို ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ကြည့်နေသည်၊ အထူးသဖြင့် အခု သူမသည် သူမ၏ သူငယ်ချင်းများ၏ အားပေးမှုကို ရရှိနေပြီဖြစ်သည်။

သူမကို ရန်လုပ်ခဲ့သော နောက်ဆုံးကလေးသည်လဲ ထိုနည်းအတိုင်းပင် သူမက သူ့ကို အနိုင်ကျင့်ပြီးနောက် မျက်ရည်ကျခဲ့ရသည်။  အဲဒီနောက်မှာတော့ လက်ဆောင်တွေအများကြီးဝယ်လာပြီး သူနဲ့ကစားဖို့ တောင်းဆိုခဲ့ပါတယ်။

Cherry သည် လူသစ်တစ်ဦးဖြစ်သောကြောင့် သူမတွင် အခုလောလောဆယ် သူငယ်ချင်းမရှိပေ။ ထို့ကြောင့် သူမ အခုလို ဖြစ်လာရင် ငိုမိမှာ သေချာသည် မဟုတ်လား။

သူမ တွေးတောနေရင်း Cherryကို ခေါင်းမော့ပြီး ကြည့်လိုက်သည်။ သို့သော် သူမထင်သလို မဖြစ်လာပဲ Cherryက "အရင်တုန်းက နင်က အခုလို တစ်ကိုယ်ကောင်းဆန်တဲ့၊ ရိုင်းစိုင်းပြီး ယဉ်ကျေးမှုမရှိတဲ့ ကလေးတစ်ယောက်နဲ့ မကစားချင်ဘူးဆိုပြီး ‌ကောင်မလေးတစ်ယောက်ကို ပြောခဲ့တာကို နင် တွေးနေတာလား။"

Sinead "?"

နောက်အခိုက်အတန့်မှာတော့ သူမ မျက်ရည်တွေကျလာပြီး ငိုပါတော့တယ်။

မစ္စလင်းသည် ငြင်းခုံနေသည့် မိန်းကလေးနှစ်ယောက်ကို သတိထားမိသွားသည်။  သူမသည် Cherryကို အနိုင်ကျင့်မည်ကို စိုးရိမ်သောကြောင့် ပန်းကန်ပြားကို အမြန်ချလိုက်ပြီး ပြေးသွားခဲ့သည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now