အပိုင်း ( ၁၆၀ )

4.4K 236 31
                                        

အပိုင်း ( ၁၆၀ ) -  ဇာတ်လမ်းဆင်ခြင်း။

Roxanne က "ဘာဖြစ်လို့လဲ မစ္စတာစမစ်။  သူမက အလုပ်မလုပ်ဘူးလား"

Henryသည် တိုက်ရိုက်ထုတ်လွှင့်နေတာကြောင့်  ကင်မရာရှေ့တွင် ရပ်လိုက်သည်။  မျက်မှောင်ကြုတ်ပြီး ညည်းညူသောအကြည့်ဖြင့် သူပြန်ပြောသည် “မဟုတ်ပါဘူး၊ သူမက အလုပ်လက်မဲ့ပါ။  သူကျွန်တော်တို့နဲ့ အတူရှိတုန်းက ကျွန်တော်တို့ကပဲ ကျွေးမွေးထားတာပါ။ ဒါပေမဲ Andersons က သူမကို သူတို့နဲ့အတူ ပြန်ခေါ်သွားကတည်းက သူမလည်း အလုပ်မလုပ်သေးဘူးလို့တော့ ကြားတယ်။  မနက်ဆယ်နာရီထိုးနေပြီဖြစ်ပေမဲ့လည်း အိပ်ပျော်နေတတ်ပါတယ်။   သူ့ကလေးကိုလည်း ဂရုမစိုက်ရုံမက သူ့ဘာသာ အသက်ရှင်အောင် နေခိုင်းတတ်တဲ့သူပါ။  ဟင်း!!"

Melissa က ထပြီး ‌ပြန်ပြောခဲ့သည်။

"Noraက ကျန်းမာရေးမကောင်းလို့ အိပ်နေတာ။  အဲဒီတုန်းက သူမ မီးဖွားတဲ့ အချိန် သွေးတွေ အများကြီး ဆုံးရှုံးခဲ့တယ်၊ အဲဒါကြောင့် သူ့မှာ အားအင်တွေ အများကြီး မရှိတော့ဘဲ သာမန်လူတွေထက် ပိုအိပ်ဖို့ လိုတာ။ အဲဒါအပြင် သူမက Andersons ကို ပြောင်းလာကတည်းက Noraက  ကျွန်မတို့ကို နေထိုင်စရိတ်အတွက် တစ်ခါမျှ မတောင်းခဲ့ဖူးဘူး။  သူ့မှာ သူ့ဝင်ငွေရှိပြီးသား!”

Wendy သက်ပြင်းချလိုက်တယ်။  “Melissa အဲဒါက သူ့အမေ မသေဆုံးခင် သူ့အမေပိုင်တဲ့ ကုမ္ပဏီသေးသေးကနေ ရတဲ့  သူ့ဝင်ငွေ မင်းမသိလို့ပါ။    ကုမ္ပဏီက လစဉ် အမြတ်ငွေ ဒေါ်လာထောင်ချီရှိတယ်…”

Melissaက ထပ်ပြောတော့မဲ့ အချိန် Henryက သူ့လက်ကို ကျောနောက်မှာ ဆုပ်ကိုင်ထားရင်း “ဒီနေ့ ငါ့ကလေးအတွက် ဒီမှာရှိနေတာ ငါ သူ့ကို မင်းဆီက ယူဖို့ မကြိုးစားဘူး!  နောက်ဆုံးအနေနဲ့  သူ့မှာ အဖေ ရှိသေးတယ်။  Andersonsက  သူမကို တွေ့လို့ ဒီနေရာကို ခေါ်လာပေမဲ့ သူမနဲ့ ကျွန်တော်တို့ကို မဆက်သွယ်ဖို့ ဘာလို့ တားမြစ်ထားတာလဲ။  သွေးက ရေထက် ပစ်တယ်ဆိုတာ သိဖို့ ကောင်းတယ်။  "

စကားပြောနေရင်း သူ့မျက်လုံးတွေ နီရဲလာတယ်။

Henry က တကယ်ကို ရုပ်ရည်ချောမောသူပါ။  မျက်ခုံးမွှေးထူထူနဲ့ မျက်လုံးကြီးတွေက ဖြောင့်စင်းတဲ့လူတစ်ယောက်လို ဖြစ်နေပါတယ်။  သူ့ရဲ့အပြုအမူက အင်တာနက်သုံးစွဲသူတွေကြား ပြင်းပြင်းထန်ထန် ဆွေးနွေးမှုကို ချက်ချင်း ခံခဲ့ရပါတယ်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Donde viven las historias. Descúbrelo ahora