သူမ ကင်မရာဖွင့်လိုက်ပြီ

3.2K 450 12
                                        

အပိုင်း ( ၇၈ )- သူမ ကင်မရာဖွင့်လိုက်ပြီ

နောက်ထပ်လူများကလဲ  မှတ်ချက်ပေးလာသည်-

"အဲဒါဆို ဖွင့်ကြည့်ပါလား?  မင်းမဟုတ်ရင် မင်းက လူလိမ်ပဲ!"

“Cherryက ကင်မရာဖွင့်တော့မှာလား။  နောက်မှ မသိသလို နေမယ်လို့ ခံစားနေရတယ်။”

“ ရန်ဖြစ်သံတွေ အပြင်ကိုတောင်  ထွက်လာတယ်ထင်ရတယ်။ ဒီမှာက ဂိမ်းချန်နယ်တစ်ခုမဟုတ်လား။  ကင်မရာဖွင့်သည်ဖြစ်စေ၊ မဖွင့်သည်ဖြစ်စေ အရေးကြီးလို့လား"

"ကြီးတာပေါ့၊  ဂိမ်းဆော့ရင်း အသံပြောင်းစက်ကို သုံးရင်တောင် ငါးနှစ်အရွယ်ကလေးလို ဟန်ဆောင်ဖို့ ဆိုတာက မဖြစ်နိုင်ဘူး။  ပြီးတော့ အဲ့အရွယ်က ဂိမ်းကို ဒီလိုဆော့နိုင်ပါ့မလား။ မဟုတ်ရင်  ငါတို့ရဲ့ IQ ကပဲ အရမ်းနိမ့်နေတယ်လို့ ထင်နေတာလား”

"မှန်တယ်!  သူတို့က သကြားလုံးဝယ်ဖို့ဆိုပြီး supportပေးဖို့ တခြားသူတွေကို လိမ်လည်လှည့်ဖြားကြတာ။ Tsk၊ ဒီနေရာမှာ ပြောချင်တာက- တကယ့်ကို ရူးနေတဲ့သူတွေ ရှိတာပဲ။  သူ့ကိုယ်သူ အဘိုးလို့ ခေါ်ခံရအောင်  သူတို့ရဲ့Listထဲက ထိပ်တန်းပရိသတ်က ဒေါ်လာ ၁၅၀,၀၀၀ တန်တဲ့ နောက်ထပ် အကြံဉာဏ်ကို ပေးခဲ့သေးတယ်။”

"သူတို့လို ဖောက်ပြန်တဲ့လူလိမ်တစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ဖို့ သတ္တိကို ဘယ်ကနေ ဘယ်လိုတောင်ရှာတွေ့တာလဲ။  သူတို့ရဲ့ မူရင်းအသံက အရမ်းဆိုးနေလို့လား”

“ဒီလို နူးညံ့တဲ့အသံမျိုးက အမှန်ဆို ကလေးတစ်ယောက်လို ချစ်စရာကောင်းတယ်လို့ ယူဆလို့ရတယ်။ဒါမဲ့   သူတို့အသံကို ဒီလို ကလေး အသံပြောင်းဖို့ စိတ်ကူးကို  ဘယ်ကနေ ဘယ်လိုရလာတာလဲ။  က​လေး​တွေကို လူတော်​​တော်​ များများက အရမ်းကဲ့ရဲ့ကြတာပဲ ကလေးလဲ ဖြစ်နိုင်တာပဲ "

ဟုတ်ပါတယ်၊ သူမကို ကာကွယ်တဲ့ sweetcherry ရဲ့ သစ္စာရှိတဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။  အနည်းငယ်မျှသာ ရှိသောကြောင့် ကဲ့ရဲ့ရှုံ့ချခြင်း ကြောင့် အားလုံး ပျောက်သွားကြသည်။

“ကလေးတစ်ယောက်လို ဟန်ဆောင်ထားတဲ့ Cherryကို ကြည့်ရတာ ငါတို့ ကြိုက်တာတော့ အမှန်ပဲ။  ဒါမဲ့ မင်းက ဘာအတွက် ဒီလိုလုပ်တာလဲ။ မင်းသည်းမခံနိုင်ရင် ဘာလို့ ထွက်မလာတာလဲ”

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now