အပိုင်း ( ၁၃၁ )-  မေမေနှင့်သမီး ၂ယောက်သား တွေ့ဆုံခြင်း  
 Caleb လည်း အံ့အားသင့်သွားသည်။  သူက Justinရဲ့ စကားကို ကြားပြီး  မယုံကြည်နိုင်စွာ ကြည့်ပြီး Nora ကို ချီတုံချတုံ မေးလိုက်သည်။ 
 "သူ့ကလေးရဲ့ အမေလား?"
Justin ပြောလိုက်တဲ့ စကားကို ကြားလိုက်ကတည်းက သူမရဲ့ အမူအရာသည် လေးနက်နေခဲ့သည်။ ဘာလဲ။  Justin က အမှန်တရားကို ရှာဖွေတွေ့ရှိသွားပြီလား။
 ဒီအကြောင်းကို စဉ်းစားရင်း သူမ အံ့သြနေချိန်မှာ Justin က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ပဲ ဆက်ပြောလိုက်သည်။ 
“Ms.  Smith နဲ့ Pete က အရမ်းတူကြတယ်လေ။  ပြီးတော့ Peteကလဲ သူမကို သူ့ရဲ့ အမေလို့ မှတ်ယူထားတာဆိုတော့။”
သူ့ရဲ့ ဆက်ပြောလာတဲ့ စကားကို ကြားမှ သူမလဲ ခုနက ထိတ်လန့်နေရာမှ သက်သာသွားပြီး တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။  ဒါဆို ခုနက သူဆိုလိုချင်တာက... ဒီတစ်ယောက်က တကယ့်ကိုပဲ သူ့စကား တစ်ခွန်းနဲ့ လူတစ်ယောက်ကို သေစေနိုင်သည်က အမှန်ပင်။ 
Calebသည်လည်း သူပြန်ရှင်းပြလာတဲ့ အဖြေကြောင့် သိသိသာသာပဲ သက်ပြင်းချလိုက်မိသည်။  သူက ခေါင်းကို အသာငုံ့က ပြုံးပြီး ပြန်မော့ကာ ပြောလိုက်သည်။ 
 " Mr. Hunt က ဟာသပြောတာကို တော်တော် သဘောကျပုံပဲနော်။  ခုနကမင်းပြောတဲ့ စကားကိုသာ တခြားမသိတဲ့ လူတစ်ယောက်ယောက်က ကြားသွားရင် မင်းကလေးရဲ့ အမေက မစ္စSmithလို့ အထင်မှားသွားကြတော့မှာပဲ"  
 သူက  စကားတွေက Justinရဲ့ စိတ်ကို နှိုးဆွဖို့ ကြိုးစားနေတာ ထင်ရှားပါတယ်။
 Noraရဲ့ ကလေးသည် Justinရဲ့ သားမဟုတ်ပါက၊ သူသည် ဆက်ပြီး ဆွဲထားဦးမည် ဖြစ်သည်။   သို့သော်လည်း Justin က ပြုံးပြုံးလေးနဲ့ ဆက်ပြောလာသည်။ 
"မစ္စ Smith နဲ့သာ မိသားစု တစ်စုထူထောင်တော့မယ်ဆိုရင် သူမရဲ့ သမီးကိုလဲ ကိုယ့်ရဲ့ သမီးအရင်း တစ်ယောက်လို ဆက်ဆံသွားမှာပါ " 
 သူ့ရဲ့ လက်ထဲတွင်ရှိသော Cherryက သူပြောတဲ့ စကားကို ကြားလိုက်တဲ့အခါမှာပဲ သူမရဲ့ နှုတ်ခမ်းကို ရွဲ့တဲ့တဲ့ လုပ်လိုက်မိသည်။  သူမရဲ့ အဖေက သူမကို အရင်ရက်တွေက blacklistထဲ ထည့်ခဲ့တဲ့သူ မဟုတ်ပါလား။  
                                      
                                  
                                              YOU ARE READING
စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )
Romanceသူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး နောက်မှာတော့ သူမရဲ့ လှပလာတဲ့ ပုံကို မြင်လိုက်ရတဲ့ အခါမှာတော့ ... Crd original author & Eng trans author 🙏🙏 This story isn't mine , just t...
