ပျင်းရိသော ကြောင်လေး

3.4K 422 16
                                        

အပိုင်း ( ၇၅ )- ပျင်းရိသော ကြောင်လေး

အဲဒီတုန်းက ကိုယ်ဝန်ဘယ်လိုရှိသွားခဲ့တာလဲ၊

Nora သည် ဤအကြောင်းကို အမှန်တကယ် သိချင်သောကြောင့် သူမအား ယုတ္တိတန်သော အဖြေတစ်ခုပေးနိုင်မည်ဟု မျှော်လင့်ကာ Justin အား စိတ်အားထက်သန်စွာ ကြည့်နေခဲ့သည်။

သို့သော်လည်း Justin ၏ အပြုံးသည် တဖြည်းဖြည်း မှိန်ကျသွားသည်။

Pete ၏မိခင်သည် သူ့အတွက် မှတ်သားစရာတစ်ခုဖြစ်နေသည်။  ဤနှစ်များတစ်လျှောက်လုံးလဲ  မည်သူမှ မမေးဝံ့ခဲ့ပေ။

သူမလုပ်ခဲ့တဲ့အရာတွေအားလုံးကို တွေးပြီးချိန်မှာတော့ သူမကို ရှာပြီး သတ်ပစ်ဖို့တောင် ဆန္ဒရှိခဲ့ပေမယ့် သူလုံးဝ ရှာမတွေ့ခဲ့ဘူး။

ဒီအကြောင်းကို သူ့အရှေ့က အမျိုးသမီးက မေးလာတဲ့အခါမှာ Justinသူမကို စိတ်ဆိုး ဒေါသထွက်ခြင်းတော့မရှိခဲ့ပေ။

သူမက တကယ်လို့ သူတို့အတူရှိခဲ့ကြတဲ့အခါ တနေ့ Peteရဲ့ အမေအရင်းက ပေါ်လာပြီး သူတို့ရဲ့ ဘဝလေးကို ဖျက်ဆီးအဆုံးသတ်သွားမှာကို စိုးရိမ်နေခဲ့တာ မဟုတ်လား။ ဒါ့ကြောင့် သူစိတ်မဆိုးနိုင်ခြင်းဖြစ်သည်။

Justin သည် သူ အနည်းငယ် အောက်ကို ကြည့်ကာ နက်နက်နဲနဲ ရှိနေပုံရသည်။  ထို့နောက် သူဆက်ပြောလာသော စကားတွေက ပြင်းထန်ပေမဲ့ လေသံကတော့ ‌နူးညံ့နေတယ်။ 

"စိတ်မပူပါနဲ့ Pete ရဲ့အမေကို ကျွန်တော်နဲ့ သားရဲ့ ရှေ့မှာ ပြန်ပေါ်လာဖို့ ကို ကျွန်တော် ခွင့်ပြုမှာမဟုတ်ဘူး!"

Noraသည် ထိုယောက်ျားထံမှ ပြင်းထန်သော  အအေးဒဏ်ကို ခံစားလိုက်ရသောအခါ သူမ တောင့်သွားရသည်။

ဟယ်လို၊ သူမက ‌ရှင့်ရဲ့ ရှေ့မှာ အခု ရှိနေတယ် ဟုတ်ပြီလား။

ဒါ့အပြင် သူမကို ဘာအတွက်  စိတ်မပူဖို့ပြောနေတာလဲ။

သူမသည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ သူမသိချင်တဲ့ အရာကို တိုက်ရိုက်မေးလိုက်တယ်။

“ကျွန်မ မေးချင်တာက Pete က သဘာဝအတိုင်း သန္ဓေတည်ခဲ့တာလားဆိုတာပါ”

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now