Anti

3.6K 520 2
                                    

Justin က အခုလေးတင် ဆေးရုံမှာရှိတုန်း ဆရာဝန်က ချီးမွမ်းပြောဆိုခဲ့တဲ့ ပါရမီရှင်ကို တွေးပြီး စိတ်ဝင်တစားနဲ့ ခေါင်းညိတ်ပြလိုက်သည်။ 

“ကောင်းပါပြီ။”

ကံမကောင်းစွာနဲ့ပဲ၊ သူတို့နှစ်ယောက် ဧည့်ခန်းထဲကို ဝင်လိုက်တာနဲ့ သူ့လက်ထောက်တစ်ယောက်က လမ်းလျှောက်လာသည်။  အသံတိုးတိုးလေး ဖြင့် သူက “ Mr Hunt ၊ မစ္စတာ မိသားစုအိမ်က ဧည့်သည်တွေရောက်လာကြတယ်။  ပြီးတော့ အပေါ်ထပ်ကို တက်သွားကြပါပြီ။”

ဒါကိုကြားတဲ့အခါ Justin ရဲ့ အမူအရာက သိသိသာသာ ပြောင်းလဲသွားပါသည်။  ဓါတ်လှေကားဆီသို့ လျှောက်သွားကာ နက်မှောင်သောအမူအရာဖြင့် “သူတို့ ဘာလို့ ဒီကိုရောက်လာတာလဲ” ဟု မေးသည်။

“လွန်ခဲ့တဲ့ ငါးမိနစ်လောက်က တက်လာကြတာပါ  ဟိုတယ်က Hunts ပိုင်ဆိုတော့ ကောင်တာနဲ့ ဧည့်ခန်းမန်နေဂျာက သူတို့ကို မတားနိုင်ခဲ့ကြဘူး။"

"ဘာမှ ကောင်းကျိုးကိုမရှိဘူး!"

Justin က ဒေါသတကြီး ကျိန်ဆဲပြီး ဓါတ်လှေကားထဲကို ဝင်သွားသည်။

Lawrence သည် တိတ်တိတ်ဆိတ်ဆိတ်သာ သက်ပြင်းချလိုက်သည်။  အပေါ်ထပ်က အခြေအနေကို သူ ဘယ်လိုမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ထိန်းချုပ်ခန်းကို သူ့ဘာသာသူ  သွားခဲ့ပါသည်။

အပေါ်ထပ်ရှိ သမ္မတအိမ်တော်တွင်။

မျက်လုံးများနီရဲနေသော Pete သည် လက်သီးများကို တင်းတင်းဆုပ်ကာ သူ့ရှေ့ကလူများကို ကြည့်နေသည်။

နှစ်ဘက်စလုံးမှ အနက်ရောင်ကိုယ်ရံတော် တစ်ဒါဇင်ကျော်သည် မျက်နှာချင်းဆိုင်တွင် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

မျက်နှာမှာ ကြောက်စရာကောင်းတဲ့အကြည့်နဲ့ Chesterက သူတို့နဲ့ Pete ကြားမှာ ရပ်လိုက်သည်။  သူက “မင်း ဘာလုပ်နေတာလဲ Howard။  Justin ပြန်လာတဲ့အခါ မင်းကို ခွင့်ပြုမှာ မဟုတ်ဘူး!"

သူ့ရှေ့ကလူနဲ့ သူ့ရဲ့ဒုတိယဝမ်းကွဲတော်စပ်သူ Howard Hunt သည် ဆိုးဆိုးရွားရွားမျက်လုံးတွေနဲ့ နှာရှုံ့လိုက်သည်။  သူက ရှက်ရွံ့စွာပြုံးပြီး "ဒါက မင်းနဲ့မဆိုင်ပါဘူး Chester။  ရှေ့ကဖယ်ပေးပါ။  ဒီလို မခန့်ညားတဲ့ ခွေးလေးကို မိသားစုအိမ်ဆီ ပြန်ခေါ်လာဖို့ အဘိုးရဲ့ အမိန့်အတိုင်း ငါရောက်နေတာ!”

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now