ဆင်းရဲတဲ့ဆွေမျိုးတွေလား

3.6K 497 6
                                    

အတွေးတွေ ပေါ်လာတဲ့ Melissa သည်  တောက်ပတဲ့ မျက်လုံးတွေနဲ့ Justin ကို ကြည့်လိုက်တယ်။

"Justin တစ်ခုခုကြောင့် ငါ မင်းကို ဒုက္ခပေးရလိမ့်မယ်။  အခုလေးတင်တွေ့ခဲ့တဲ့ Miss Smith နဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို ရှာကြည့်ဖို့ ကူညီပေးနိုင်မလား။"

သတိမထားမိသော Simonက “ဘာဖြစ်လို့လဲလဲ” ဟု မေးလိုက်သည်။

Melissa၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။  "ကျွန်မထင်တာသာ မမှားဘူးဆိုရင် ရှင့်ကို ကယ်ခဲ့တဲ့ ကောင်မလေးက ရှင့်ရဲ့ တူမလေး ဖြစ်မယ်ထင်တယ်!"

“…”

ဒါကို Justin ကြားတဲ့အခါ သူ့နောက်မှာ ရပ်နေတဲ့ Lawrence ကို
လှည့်ပြောလိုက်သည်။

“Miss Smith ရဲ့ အချက်အလက်မိတ္တူကို ဦးလေး Simon နဲ့ Aunt Melissa တို့ကို ပေးလိုက်”

Lawrence သည် စုံစမ်းစစ်ဆေးမှုအစီရင်ခံစာများကို ယူလာပြီး
နောက် သူတို့ဆီ အချက်အလက်များကို ပေးလိုက်သောအခါသူတို့ဆီမှာ ရှိတဲ့ အချက်အလက်တွေနဲ့ ပြန်ပြီး စစ်ကြည့်လိုက်သည်။  ဝမ်းသာလွန်းအားကြီးသော Melissa က "ကျွန်မ ထင်တာ မှန်တယ် တကယ့်ကို  သူမပဲ!"

Simon၏ မျက်လုံးများ ချက်ချင်း  နီရဲလာ၏။

  “Noraတဲ့လား … နာမည်ကောင်းပဲ  သူမဆီဖုန်းဆက်ပြီး ငါ သူမကို တွေ့ချင်တယ်…”

ခွဲစိတ်မှုတစ်ခု လုပ်ထားပြီး အိပ်ယာကမထနိုင်လို့သာ မဟုတ်ရင် ချက်ချင်းပဲ  သူ ထပြေးသွားလိမ့်မယ်။

ကံမကောင်းစွာဖြင့်၊ Lawrence သည် Nora ကိုရှာဖွေရန် နံဘေးရှိ VIP လူနာဆောင်သို့ သွားသောအခါ၊ Irene အား ဆေးစစ်ပေးပြီး သူမ နေကောင်းကြောင်း သေချာစိစစ်ပြီးနောက်  သူမ ထိုနေရာကနေ  ထွက်သွားခဲ့ပြီဖြစ်သည်။

သို့သော် Henry၏ နံပါတ်ကိုတော့ သူရခဲ့သည်။

အဲဒီနောက်ပိုင်း Justin ရဲ့အကူအညီကို မလိုအပ်တော့တဲ့အတွက် သူ သားဖြစ်သူနဲ့ ခဏလောက်အချိန်ဖြုန်းဖို့ ဟိုတယ်ကိုပြန်သွားတော့သည်။

Hotel Finest ရဲ့ အပေါ်ဆုံးထပ်တွင် Pete သည် စာကျက်ပြီး Cherry နှင့် ဖုန်းပြောနေပါသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now