နယူးယော့ခ်မှ Andersonမိသားစုများ

4.5K 567 15
                                        

Noraက မတ်တပ်ထရပ်လိုက်ပြီး ဧည့်သည်ကို လက်ခံဖို့ ပြင်လိုက်သည်။

သို့သော် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် Henry နှင့် အခြားသူများသည် တော့ ထိုင်နေကြပြီး မာနကြီးသော အသွင်အပြင်နဲ့ မောက်မာစွာ နေကြသည်ကို သူမမြင်လိုက်ရသည်။  ဧည့်သည်ကို သူတို့ လုံးဝ ဂရုမစိုက်ဘူးဆိုတာ ထင်ရှားသည်လေ။

သူမသည် သူတို့ကို လျစ်လျူရှုကာ ချက်ခြင်းပဲ အပြင်ထွက်လာခဲ့လိုက်သည်။  တစ်ချိန်တည်းတွင် လှပတင့်တယ်သော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး တံခါးဝတွင် ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။

အမျိုးသမီးသည် ကောင်းစွာထိန်းသိမ်းထားပြီး ဂန္တဝင်လက်ရှည် ၀တ်စုံကို ၀တ်ထားသည်။  ထိုအလှတရားသည် ပန်းချီကားတစ်ချပ်ထဲမှ ထွက်လာပြီး တည့်တည့်လျှောက်လာသည်လို့ ထင်ရပြီး သူ့ပတ်ဝန်းကျင်တွင် နူးညံ့သော လေပြေလေညှင်းလေးများ ရှိနေပြီး နွေးထွေးသော အရိပ်အ‌‌ယောင်နဲ့ ဖွဲ့စည်းထားသော ကျက်သရေတစ်မျိုးကို ပညာရှင်မိသားစုတွင်သာ တွေ့ရှိရသည်။

ပိုးသတ်ဆေးဖြန်းနေသော Mrs. Laneသည် ရပ်တန့်သွားကာညစ်ပတ်သော ကျေးလက်မှ လာသော ကျေးလက်သူများကိုသာ  မြင်လိမ့်မယ်လို့ မူလက ထင်ခဲ့သည်။ ခုရောက်လာမည့် ဧည့်သည်က အဲဒီ့အစား ထိုသို့ဖြစ်မယ်လို့ပဲ သူမထင်ခဲ့တာ။ ခုတော့  ခဏလောက်တော့ သူကိုင်ထားတဲ့ ပိုးသတ်ဆေးကို ဖြန်းဖို့တောင် မဝံ့ရဲတော့ချေ။

Melissa Anderson က ညင်ညင်သာသာ ပြုံးပြီး နှုတ်ဆက်စကား ပြောလာသည်။

"Nora ၊ ငါတို့ ပြန်တွေ့ကြပြန်ပြီနော်!"

Nora က သူမကို ဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး။  အံ့အားသင့်ပြီး သူမပြောသည်မှာ “ရှင်က…”

Melissa သည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်းမျှ မြန်မြန် လျှောက်လာပြီး သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။  "ဒါက ကံတရားပဲ ကလေး။  မင်း ကယ်ခဲ့တဲ့ သူက သမီးရဲ့ဦးလေးပဲ!"

အိမ်ထဲတွင်၊ သူတို့ကိုလှောင်ပြောင်ရန် ပြင်နေသော Angela သည်မစောင့်နိုင်တော့ပဲ  နှစ်ယောက်သား တံခါးဝမှာ စကားပြောနေတာကို သူမမြင်တော့ တံခါးဆီ တည့်တည့်လျှောက်လာရင်း မောက်မာစွာ ပြောလာသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now