အပိုင်း ( ၁၇၃ )

451 58 0
                                    

အပိုင်း ( ၁၇၃ ) - ငါက အမျိုးသမီး ဟူလီဂန်တစ်ဦး။

Nora သည် မှန်းဆရန် စိတ်မ၀င်စားသောကြောင့် သူမသည် အေးစက်စက်နဲ့ ညှာတာမှုကင်းစွာဖြင့် ပြန်ပြောလိုက်သည်။

"နင် မပြောဘူးဆိုရင် ငါဖုန်းချလိုက်တော့မယ်"

"ဟေး မလုပ်နဲ့!  မလုပ်နဲ့!"

Lily သည် သူမ၏ သူဌေးကို ကောင်းစွာ နားလည်သောကြောင့် သူမအား အရှုံးပေးလိုက်ရသည်။  

"Anti၊ လူသားတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ဆုံးဖြတ်ပေးတဲ့ ဗီဇအတွဲ ၈ တွဲက X-ခရိုမိုဆုန်းပေါ်မှာ တည်ရှိနေတာကို သိတယ်မလား။ အဲ့တော့   နင်ရဲ့ DNA ကို ငါစမ်းသပ်တုန်းက နင့်ရဲ့ ဗီဇ ရှစ်မျိုးက တခြားသူတွေနဲ့ မတူတာကို ငါတွေ့လိုက်ရတယ်။ အဲဒါကြောင့် နင်က အရမ်းဉာဏ်ကောင်းနေတာ မဆန်းတော့ပါဘူး!"

Nora "?"

သူမ ဉာဏ်ကောင်းတယ်လို့ တစ်ခါမှ မတွေးခဲ့မိဖူးဘူး။  သူမသည် အရာရာတိုင်းကို တွေ့ရုံမျှဖြင့် ချက်ချင်းပင် တတ်မြောက်နိုင်ခဲ့သည်။  ဒါ့ကြောင့် သူ့ဘဝက ပျင်းစရာကောင်းတယ်လို့ ခံစားလာရတယ်။  ကံကောင်းထောက်မစွာနဲ့ သူမက ကျန်းမာရေးချို့တဲ့နေပြီး အခြားသူများထက် အိပ်ချိန်ပိုလိုအပ်တာတစ်ခုပဲ။  မဟုတ်ရင် နေ့တိုင်း အမြဲနိုးနေရင် ဘယ်လောက်တောင် ငြီးငွေ့နေမလဲ။

သူမ သမ်းလိုက်သည်။ 

"အခြားတစ်ခုခုရှိသေးလား?"

Lily ကဆက်ပြီး  "IQ မျိုးရိုးဗီဇတွေက X-chromosome ပေါ်မှာ တည်ရှိနေတာကြောင့် နင် အရမ်းဉာဏ်ကောင်းတာ  အကြောင်းရင်းကတော့ မင်းအမေရော အဖေရောက  ဉာဏ်ကောင်းတဲ့ သူတွေပဲဖြစ်ရမယ်!"

Noraသည် မျက်နှာကျက်ကို စိုက်ကြည့်ရင်း စိတ်တွေ လွင့်နေပြီ။

အားလုံးသိကြတဲ့အတိုင်း အမျိုးသမီးတွေမှာ X-ခရိုမိုဆုန်းနှစ်ခုရှိပြီး အမျိုးသားတွေမှာ X-ခရိုမိုဆုန်းတစ်ခုနဲ့ Y-ခရိုမိုဆုန်းတစ်ခုရှိပါတယ်။  Y-chromosome သည် ဖခင်ထံမှ ဆင်းသက်လာပြီး ဆိုလိုသည်မှာ သားတစ်ယောက်သည် သူ၏ ဉာဏ်ရည်ဉာဏ်သွေး 100% ကို မိခင်ထံမှ အမွေဆက်ခံခဲ့သည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now