Andersonမိသားစုရဲ့ လျှို့ဝှက်ထားသော သူဌေး

2.4K 390 0
                                    

အပိုင်း ( ၇၁ )- Andersonမိသားစုရဲ့  လျှို့ဝှက်ထားသော သူဌေး

သူမရဲ့ စကားကို  ကြားလိုက်သောအခါ Nora၏ မျက်လုံးလေးများ လှုပ်ခါသွားရသည်။  ထို့နောက် မျက်ခုံးပင့်ကာ  “ဘာလို့ ဒီလိုပြောတာလဲ” ဟု မေးလိုက်သည်။

Noraက မေးလိုက်သည်နှင့် Lisaဘက်ကနေ ဒေါသတကြီး ပြောတော့သည်။ သို့သော် သူ့အသံက နူးညံ့နေတုန်းပါပဲ။

“ငါ အလုပ်သင်လုပ်ဖို့ နယူးယောက်ကို သွားမယ်ဆိုတာ ဦးလေးHenryက  ကြားသွားတယ်လေ၊ အဲဒါ‌နဲ့ ဒီနေ့ ငါတို့အိမ်ကို လာပြီး နင့်ဆီက ပိုက်ဆံတောင်းဖို့ အမေနဲ့ ငါတို့ကို လာပြောခိုင်းတယ်။  နင်ဘက်က ဆက်ပြီး ငြင်းနေဦးမယ် ဆိုရင် နင့်ဘဝက လွယ်မှာမဟုတ်ဘူးလို့တောင် ပြောတယ်လေ။ ကိုယ့်ရဲ့   သမီးအရင်းသာဆို ဒီလို ဆက်ဆံမယ့်သူ ရှိလို့လား"

Nora က သူမစကားကြောင့် ကျန်တာကို မကြားဟန်ဆောင်ကာ တိုးတိုးလေး ရယ်ပြီး မေးလိုက်သည်။

"နင် နယူးယောက်ကို လာမှာလား"

Lisa က စိတ်ပျက်လက်ပျက်နဲ့

“ဟုတ်တယ်… Angela ရော ငါရော New York ကို သွားရမယ်။  ငါ... New York Medical College မှာ ဘွဲ့လွန်ရာထူးအတွက် လျှောက်ထားရင်း အလုပ်သင် လုပ်မလို့လေ။  ငါဖုန်းဆက်ရတဲ့ အကြောင်းရင်းက နင့်ကို ဒီဟာ ပြောပြချင်လို့"

နယူးယော့ခ်ကိုရောက်လာတဲ့အခါ Noraကို လာရှာပြီး Angela က  ဒုက္ခပေးမှာကို သူမစိုးရိမ်နေပုံရသည်။

Nora က ဒါကို အလေးအနက်မထားဘဲ ဆက်မေးလိုက်သည်။  

“နင့် အတွက် နေရာထိုင်ခင်း စီစဉ်ပေးဖို့ ငါ့အကူအညီကိုကော လိုအပ်သေးလား”

“မလိုပါဘူး၊ ရပါတယ် အဆင်ပြေတယ်။  ငါ ဟိုတယ်အခန်း ကြိုတင်မှာထားပြီးသား။"

Nora ကလဲ ဘာမှဆက်ပြောမနေတော့ပဲ။  “ကောင်းပြီလေ။”

အင်တာဗျူးချိန်နီးနေပြီမို့ ပြဿနာတစ်ခုခုကြုံလာရင် သူ့ကို လိုက်ရှာဖို့ပြောပြီး တခြားဘာမှ ထပ်မပြောတော့ဘဲ ဖုန်းချလိုက်ပြီးနောက် သူမ၏အမူအရာသည် ချက်ချင်း အေးစက်သွားခဲ့သည်။  သူ့မျက်လုံးတွေက မှုန်ကုပ်ကုပ်ဖြစ်နေပြီး သူ့မျက်နှာပေါ်ရှိ သူ့ရဲ့ ခံစားချက်တွေကို ဖတ်လို့ မရနိုင်ချေ။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now