တိုက်ရိုက်လွှင့်တဲ့သူက Peteတဲ့လား။

2.2K 282 0
                                    

အပိုင်း ( ၁၁၁ )- တိုက်ရိုက်လွှင့်တဲ့သူက Peteတဲ့လား။

Justinက သူ အပြင်ထွက်တဲ့ အခါတိုင်း အထူးသဖြင့် Peteနဲ့ ရှိတဲ့အခါတိုင်း ပိုပြီး ဂရုစိုက်တတ်တယ်။  

သူကလေးဘ၀တုန်းက ပြန်ပေးဆွဲခံခဲ့ရတဲ့အတွက် သူက သူ့သားကို ဘေးကင်းအောင် ထားဖို့ ဂရုစိုက်ခဲ့တာဖြစ်သည်။  

အဲဒါကြောင့် Pete ကို ကျောင်းမပို့ဘဲ အိမ်မှာပဲ ကျူရှင်ဆရာတွေကိုသာ  ငှားခဲ့တယ်။

Justinက ထိုကိစ္စကြောင့် သူ့သားရဲ့ ကိစ္စမှန်သမျှကို အင်တာနက်မှာ လုံးဝ မဖော်ပြထားခဲ့ပေ။ နာမည်ဆိုမပြောနဲ့ ဓာတ်ပုံလေး တစ်ပုံတောင် မတင်ထားတာ ဖြစ်သည်။

တကယ်လဲ New York မှာက Pete ကို အရင်က မြင်ဖူးတဲ့သူဆိုတာကလဲ သိပ်မရှိခဲ့ပေ။   Justin က သူ့သားကို သူတတ်နိုင်သမျှ ကောင်းကောင်း ကာကွယ်ပေးစေချင်ခဲ့တာ ဖြစ်သည်။

ဥပမာအားဖြင့် အခုလို သူ့သားကို နေ့လယ်စာစားဖို့သာ ခေါ်သွားခဲ့ပေမယ့် သူနဲ့အတူ သက်တော်စောင့် ရှစ်ယောက်လောက်ကို  ခေါ်လာခဲ့တယ်။

သက်တော်စောင့်ရှစ်ယောက်ကို ကားနှစ်စီးခွဲထားသည်။  တစ်စီးက သူတို့ရှေ့မှာရှိပြီး နောက်တစ်စီးက သူတို့နောက်မှာရှိတယ်။

Tinaက သူမရဲ့ ကားပေါ်မှ ဆင်းကာ  ကားရှေ့တွင် ရပ်လိုက်သည်။  သူမက “Mr.  Hunt ကျွန်မ ရှင့်ကို ပြောစရာရှိတယ်!"

အလယ်ကကားရဲ့  ခရီးသည်ထိုင်ခုံတံခါး က ပွင့်သွားပြီး ဘောင်းဘီရှည်ဝတ်ထားတဲ့ ခြေထောက်တစ်ဖက်က ထွက်လာသည်။  Tina သက်ပြင်းတစ်ချက်ချလိုက်သည်။  ထွက်လာတဲ့သူက Justin လို့ သူမထင်ခဲ့ပေမဲ့ သူ့အစား နီရဲနေတဲ့ Lawrence ကားထဲက ထွက်လာတာကို သူမမြင်လိုက်ရတယ်။

သူက ဝတ်စုံကို  သပ်သပ်ရပ်ရပ် ဖြစ်အောင် ၀တ်ဆင်ထားပြီး သူမဆီကိုလမ်းလျှောက်လာခဲ့သည်။  ထို့နောက် Tinaရဲ့ လက်ကိုဆွဲကိုင်ကာ ဘေးဘက်သို့ဆွဲခေါ်လိုက်သည်။

Tina က ကားကို လှမ်းအော်ပြီး “Mr.  Hunt…!”

သို့သော်လည်း သူမက စကားလုံး၂လုံးပဲ ထွက်ရသေးတယ်  ရှေ့က ကားနှစ်စီးက စထွက်သွားခဲ့သည်။  နောက်ဆုံးက ကားကတော့   Lawrence ဘေးမှာ ရပ်သွားတယ်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now