အပိုင်း ( ၁၃၅ ) - သူတို့က လက်ထပ်ပြီးသွားကြပြီလား

2.2K 304 2
                                    


သူ့အဖေရဲ့ လည်ပင်းကို သိုင်းဖက်ထားတဲ့ cherry က Joelကို သူမပိုင်ဆိုင်ထားတဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ စိုက်ကြည့်နေတယ်။ သူတွေးမိတာက အဲ့ဒီသခင်လေးက အရမ်းချောတယ်။ ဒါပေမဲ့ သူ့ကို ကြည့်တဲ့ အကြည့်တွေက နည်းနည်းထူးဆန်းနေတယ်။ Joel လဲ သူ့ကို သေချာ ကြည့်နေရင်း အံ့သြသွားတော့သည်။

ဒီကလေးက သူဆေးရုံမှာတွေ့ခဲ့တဲ့ ကလေးမဟုတ်လား။ နောက်ပြီး ဒီကလေးက Justin ရဲ့သားတဲ့လား။ သူသိပါတယ်။ Justin ဆီမှာ သားတစ်ယောက်ရှိမှန်း သူ အရင်ထဲက သိနေခဲ့တာ။ သူက သူ့ရဲ့ သားဖြစ်သူကို အရမ်းကာကွယ်ခဲ့တာကြောင့် အပြင်လူတွေက သူ့သား ဘယ်လိုပုံစံရှိမှန်း မသိကြပါဘူး။ အခု သူတို့ အလုပ်ကိစ္စ ဆွေးနွေးဖို့ရှိလို့သာ မဟုတ်ရင် Huntsမိသားစုရဲ့ အိမ်ရှေ့စံလေးက ဘယ်လိုပုံစံမှန်း သူလဲ သိရမှာ မဟုတ်ဘူး။

ဒါပေမဲ့ Tanyaက Justin နဲ့ လက်ထပ်ထားတာလား။ Joelက Smithsမိသားစုရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်ဖို့ ထိုက်တန်ပါတယ်။ သူ ဒီအဖြစ်အပျက်ကို စဉ်းစားမိရင်း တုန်လှုပ်သွားသော်လဲ  သူ့စိတ်ခံစားချက်တွေကို ပေါ်ပေါ်လွင်လွင် ထုတ်မပြပဲ အမြန်ထိန်းလိုက်ကာ သူတို့ရဲ့ အလုပ်ကိစ္စကို စပြီး စကား ပြောကြတော့သည်။

သူတို့ရဲ့ ဆွေးနွေးမှုက နာရီဝက်လောက်ကြာတော့ ပြီးသွားခဲ့ပါတယ်။ Justinက သူ့သမီး ဖြစ်သူရဲ့ Liveလွှင့်မှုကို မှီအောင်လို့ ပြန်ဖို့ အလျင်လိုနေသော်လဲ Joelက ခုံမှာ ထိုင်နေသေးတာကို တွေ့တော့ သူ မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်။

“ Mr.Smith ပြောစရာများ ကျန်နေသေးလို့လား။ “

Joelလဲ သူ့အသိပြန်ဝင်လာပြီး Justinကို ကြည့်လိုက်တယ်။ အနက်ရောင် ဝတ်စုံကို ဝတ်ထားတဲ့ သူ့အရှေ့က လူက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး နဲ့ သန်မာသည်။ သူ့ရဲ့ မျက်နှာ အမူအရာကလဲ ပြင်းထန်တဲ့ အော်ရာဖြစ်တဲ့ အေးစက်မှုနဲ့ သွေးဆောင်မှုတို့က အပြည့်အဝ ရောယှက်နေတယ်။ သူ့မျက်လုံးထောင့်က အမှတ်အသားနဲ့ အတူ သူက နတ်ပြည်က ဆင်းသက်လာတဲ့ မသေမျိုးတစ်ယောက်လိုပင်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now