အဘိုး၊ ဉာဏ်စမ်းတချို့ကို ဘာကြောင့် မပြောတာလဲ။

2.6K 403 3
                                    

အပိုင်း ( ၆၈ )- အဘိုး၊ ဉာဏ်စမ်းတချို့ကို ဘာကြောင့် မပြောတာလဲ။

Nora က Melissa ကို "ကျွန်မတို့ အဲဒီ သူငယ်တန်းကို သွား အပ်လိုက်မယ် အန်တီ Melissa။  ကျွန်မ Cherryကိုပါ အဲဒီကို တစ်ခါထဲ ခေါ်သွားလိုက်မယ်။"

ထို့နောက် သူမက ချက်ချင်းထကာ တံခါးအပြင်ထွက်ပြီး ဖုန်းကိုင်လိုက်သည်။

ခေါ်ဆိုမှု၏ အခြားတစ်ဖက်မှ သက်ကြီးရွယ်အိုရဲ့ တင်းမာသောအသံတစ်ခု ထွက်ပေါ်လာသည်။ 

"မင်းဘယ်မှာလဲ?"

၎င်းမှာ သူမ၏ တိုင်းရင်းဆေးဆရာ Silvester Zabe ဖြစ်သည်။

ထိုယောက်ျားသည် ဘယ်လောက် လေးနက်တောင့်တင်းသလဲ ဆိုတဲ့  စိတ်အတွေးနဲ့ Nora က သူမရဲ့ ကျောကို ပြန်တည့်မတ်လိုက်ပြီး “ကျွန်မ အခု နယူးယောက်မှာနေနေတယ် ဆရာ။  ဘာဖြစ်လို့လဲ?"

Silvester က ဖြည်းညှင်းစွာ ပြန်ဖြေသည် “အိုး။  Smithမိသားစုက မင်းကို လိုက်ရှာနေတယ်။ သူတို့က မင်းကို တစ်ယောကယောက်ရဲ့ ရောဂါကို ကုသပေးစေချင်နေတယ်"

Smiths?  Ian Smith?

Noraက သူမသွားမယ်ဟု ပြောမလို့ ပြင်နေစဉ် Silvester က “မင်း သွားစရာ မလိုဘူး။  သူနေမကောင်းဘူးဆိုတာ  သူအသက်မရှင်ချင်တော့လို့"

“…”

“ပြီးတော့ သူ့ရဲ့ အတွင်းအင်္ဂါတွေက ပျက်ယွင်းနေပြီ။  အခုချိန်တော့ သူတို့က သူ့ကို Carefree Pillကို အသုံးပြုပြီး အသက်ရှင်အောင် လုပ်နေတယ်။ မင်း သွားရင်တောင် သူ့ရဲ့ အသက်မရှင်ချင်တဲ့ စိတ်ကို ပြန်လည်လာအောင် လုပ်နိုင်ပါ့မလား။ "

Noraသည် ထိုကိစ္စအတွက် ပြောစရာ  စကားများ မရှိပေ။  Ian သည် သူမကိုမြင်လျှင် ပို၍ပင် သေချင်နေလိမ့်မည်ထင်မိသည် ။

သူမ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။  ထို့နောက် သူမ သေသေချာချာ မေးလိုက်သည် ။"  မနက်ဖြန် လာ ကြည့်ပေးရမလား ဆရာ။"

Silvester သည် ယခုနှစ်တွင် အသက် 90 ကျော်နေပြီဖြစ်သော်လည်း သက်ကြီးရွယ်အိုက ရှင်းရှင်းလင်းလင်းပြောခဲ့သည်။ 

“မဟုတ်ဘူး၊ အဆင်ပြေတယ်။  ငါကအသက်ကြီးနေပြီ ပြီးတော့ ဒီမှာကြည့်စရာတော့ ဘာမှမရှိဘူး။  တိုင်းရင်းဆေးပညာကို မင်းငါ့အစား ကျွမ်းကျင် တိုးတက်အောင် လုပ်ပေးတာကသာ ငါ့ရဲ့ ကျေးဇူးကို ပြန်ဆပ်တာပဲ အဲဒါကသာ အကောင်းဆုံးနည်းလမ်းပဲ"

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now