မင်းလိုချင်တာ မှန်သမျှ ငါပေးမယ်

3.1K 446 1
                                    

အပိုင်း ( ၆၄ )-မင်းလိုချင်တာမှန်သမျှ ငါပေးမယ်။

အားလုံးက လှည့်ကြည့်လိုက်တော့ သွယ်လျလျ ခပ်ပေါ့ပေါ့ မတ်တပ်ရပ်နေတဲ့ အမျိုးသမီးကို တွေ့လိုက်ရတယ်။  ထိုအမျိုးသမီးငယ်သည် ချစ်စရာကောင်းပြီး လှပနေကာ ကြောင်လေးတွေ မျက်လုံးများကဲ့သို့ သူမရဲ့ မျက်လုံးများသည်လဲ အနည်းငယ် ပင်ပန်းနေသလို မှုန်ကုပ်နေသည်။ 

သို့သော်လည်း သူမတွင် မောက်မာမှုရှိမနေပေမဲ့ မြင်သူတိုင်း သူမရဲ့ အေးစက် တည်ငြိမ်မှုကိုတော့ ခံစားရစေသည်။

သူမ၏ သေးသွယ်လှသော လက်ချောင်းများက သူမရဲ့  အိတ်ထဲသို့ အသာ ထည့်လိုက်ကာ စာရွက်ဖြူနဲ့ ထုပ်ထားသော အနက်ရောင် ဆေးပြားတွေကို ထုတ်လိုက်သည်။ ရိုးရှင်းပြီး ကြမ်းတဲ့ စက္ကူနဲ့ ထုတ်ထားသဖြင့် ထို စက္ကူကို ဖွင့်လိုက်ကာ သူမလက်၂ချောင်းနဲ့ ဆေးပြားကို ကိုင်လိုက်သည်။ ထို့နောက် Jonကို ကြည့်လိုက်ကာ ပြောလိုက်တယ်။

" ဒါက သူပြောတဲ့ Carefree Pillပဲ"

Jonက သူမကို မြင်လိုက်တော့ အရမ်းပဲ အံ့သြကာ မျက်လုံးများ ပြူးကျယ် သွားရသည်။  ထိုအမျိုးသမီးငယ်လေးသည် Yvette Andersonနဲ့ အလွန် ရုပ်တူသည်။ ထိုအချိန်တုန်းက အမျိုးသမီးငယ် တစ်ယောက်သည် သူ့ဘက်ကို လှည့်ရပ်လိုက်ကာ " ကျွန်မ Carefree Pillကို အောင်မြင်စွာနဲ့ ထုတ်နိုင်ခဲ့ပြီ"လို့ ဂုဏ်ယူစွာ ပြောနေသည့် အတိုင်းပဲ။

လူအုပ်ထဲက တစ်ယောက်ယောက်က “ဒေါက်တာ Lincoln၊ အဲဒါကို ကြည့်လိုက်။ တကယ်ပဲ အဲဒါ Carefree Pill လား?"

ဒေါက်တာLincolnသည် ဒီနယ်ပယ်အတွင်း လူသိများသော တိုင်းရင်းဆေးသမားတစ်ဦးဖြစ်သည်။  လူအများရဲ့ တောင်းဆိုချက်အရ ရှေ့တစ်လှမ်းတိုးပြီး အမျိုးသမီးငယ်ထံမှ ဆေးပြားကို ယူလိုက်သည်။  ထို့နောက် အနည်းငယ် ခြစ်ထုတ်ကာ နှာခေါင်းနား ကပ်၍ ဂရုတစိုက် ရှူကြည့်လိုက်သည်။

ခဏအကြာ…

"ဒါက Carefree Pill ပဲ။  အဲ့ဒါ အပြင်၊ ဒီဆေးက မကြာသေးမီ အချိန်က ပြုလုပ်ထားပုံပဲ။”

"ဘာ?  မကြာသေးမီက ပြုလုပ်ခဲ့တာတဲ့လား။ ဒါဆို အဲ့လအမျိုးသမီးငယ်က Andersonsက ဖြစ်ပုံပဲ…”

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now