ဘာလို့ ငါနဲ့တူနရေတာလဲ

4.8K 625 2
                                    

အချိန်ကလဲ သိပ်မစောတော့ သောကြောင့် ကျဉ်းမြောင်းသော လှေကားထစ်ရှိ အလင်းရောင်သည် အတော်လေး မှိန်နေပါသည်။

Pete က Cherry ကို ထိတ်လန့်စွာ ကြည့်နေသည် ။

သူမ၏ မျက်လုံးများသည် စပျစ်သီးကဲ့သို့ ဝိုင်းကျယ်လာပြီး ပါးစပ်က အနည်းငယ် ပွင့်နေသည်။  နှစ်ယောက်သား အချိန်အတော်ကြာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။  Cherry က ပထမဆုံး စကားစပြောလာသည်။

  "ဘာလို့ လှေကားထစ်မှာ မှန်ပါနေရတာလဲ"

Peteလဲ အံ့ဩသွားသည်။

သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် တုန်ယင်နေသည်။

"ဒါက မှန်တစ်ချပ်မဟုတ်ဘူး"

Cherry သည် အရမ်းအံသြသွားသည်။

"ဒါဆို နင်က ဘာလို့ ငါနဲ့တူနေတာလဲ"

လှေကားထစ်တွင် နောက်ထပ်စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။  ထို့နောက် ချီတုံချတုံဖြစ်နေသော Pete က

"ငါတို့ အမြွှာတွေများလား"

နောက်ဆုံးတော့  Cherry အသေးလေးက အံ့အားသင့်ကာ ရှေ့ကိုခုန်လာပြီး Pete ကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်တယ်။ 

"အလို!  ငါ ငါ့အစ်ကိုကိုတွေ့ပြီကွ!"

“…”

အခြားသူများနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို အမြဲငြင်းဆန်ခဲ့သော Pete သည် အနည်းငယ်မျှသာ တောင့်သွားခဲ့သည်။

သွေးသားတော်စပ်မှုသည် အလွန်ထူးခြားသည်။  ဥပမာအားဖြင့်၊ မိခင်နှင့် ညီမငယ်ကဲ့သို့သော လူများနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုက တစ်ဦးကို
တစ်ဦး အလွန်ကြည်နူးစရာကောင်းသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။

ဒါပေမယ့် မေမေက သူ့ကို ပွေ့ဖက်ပြီး တခြားသူလို့ အထင်မှားနေတာကြောင့် သူနဲ့ ညစာ အတူစားခဲ့တာလား။

ထိုအကြောင်းကို တွေးမိတော့  Pete ဖြူဖျော့သွားခဲ့တယ်။  "မေမေက ဘာလို့ ငါ့ကို ပစ်ထားခဲ့တာလဲ" လို့  သူက ဝမ်းနည်းစွာ မေးလာသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now