အပိုင်း ( ၁၃၀ )

3.2K 408 18
                                    

အပိုင်း ( ၁၃၀ ) - သူမက ငါ့သားရဲ့ အမေ အဲ့တော့ သူမကို ငါပဲ ဂရုစိုက်လိုက်မှာမို့ မင်း စိတ်အနှောက်အယှက် ဖြစ်စရာ မလိုပါဘူး။ 

သီးသန့်အခန်းထဲ  တိတ်ဆိတ်ငြိမ်သက်သွားသည်။

သူ့မျက်လုံးတွေက လေးလေးနက်နက်နဲ့ Noraကို ကြည့်ရင်း တည့်မေးလိုက်တယ်။

"ဘယ်လို အခက်အခဲတွေလဲ"

Noraက သူမအရှေ့က  ထိုလူရဲ့ စိတ်ထဲက တွေးနေတဲ့ အတွေးကို မသိနိုင်တာကြောင့် သူမက အရာအားလုံးကို ဖွင့်ပြောဖို့ဆိုတာက မဖြစ်နိုင်ပေ။ သူမ ဖြည်းဖြည်းချင်း ရှင်းပြမှသာ ဖြစ်မည်။  မဟုတ်ရင် ဒီအာဏာရှင်က ကလေး၂ယောက်ကို ခေါ်သွားပြီး သူမနဲ့ ဘယ်တော့မှ တွေ့ခွင့် မပေးတော့ရင် ဘယ်လိုလုပ်မလဲ။  

Nora  သူမ မယုံကြည်တဲ့ အရာတွေထဲမှာ  အထူးသဖြင့် သူမရဲ့ သားသမီးများ ပါဝင်နေချိန်ပဲ ဖြစ်တယ်။  အဲဒါကြောင့်လဲ သူမ တစ်ခါမှ ပေါ့ပေါ့ဆဆ မလုပ်ခဲ့ဖူးပါ။  သူမ အကြည့်ကို ပြန်ပြင်ကြည့်လိုက်ပြီး “အမေတိုင်းက သားသမီးတွေကို ချစ်ကြပါတယ်။  ကလေးမွေးပြီးစမှာ တစ်ယောက်ယောက်က သူ့ဆီက ကလေးကို ယူခဲ့တာလဲ ဖြစ်နိုင်တယ်။  ဒါမှမဟုတ် သူမ ဒီကလေးကို ရှာနေတာ တစ်နှစ်ပတ်လုံးလဲ ဖြစ်ကောင်း ဖြစ်နိုင်တယ်မလား”

Justin သူ့ရဲ့ အံတွေ ကြိတ်လိုက်မိပြီး ထပ်မေးခဲ့တယ်။

“ဒါဆို ကျွန်တော့ ကလေးကို ဘယ်လို ကိုယ်ဝန်ရသွားခဲ့တယ် ဆိုတာကော ပြောပြနိုင်မလား။”

သူမ ဘယ်လို ကိုယ်ဝန်ရသွားတာလဲ။

Nora က ဘယ်လိုလုပ် သိနိုင်မှာလဲ ။

သူမ ခေါင်းခါလိုက်သည်။  "ကလေးက ဘယ်လိုဖြစ်မှန်းတောင်မသိဘူး.. အဲလိုက ဖြစ်နိုင်တယ်ဆို‌တာတော့ ကျွန်မလဲ မသိဘူး"

Noraက သူမရဲ့ ခေါင်းကို တဖန်ပြန်မော့လိုက်သည်။  သူမရဲ့  ဗာဒံပုံသဏ္ဍာန် မျက်လုံးများသည် သေမင်းတမန် ဖျော့တော့သော မျက်နှာပေါ်တွင် အလွန်နက်မှောင်နေလေသည်။  သို့သော်လည်း သူမပြောသည့်အတိုင်း သူမ၏မျက်လုံးများက မှောင်နေသောအလင်းရောင်ဖြင့် တောက်ပနေကာ "မှန်ပါတယ်၊ ကျွန်မ သူ့အတွက် ဆင်ခြေပေးနေဖို့ကိုလဲ မကြိုးစားပါဘူး။  ကလေးကို ဒီလောကထဲ သွင်းပြီးကတည်းက လာမယ့်အရာတွေကို ကြိုမြင်ဖို့ မတတ်နိုင်ခဲ့ဘူး သူ့ကလေးကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တာက မိခင်တစ်ယောက်အနေနဲ့ သူမရဲ့ ပေါ့ဆမှုပါပဲ။”

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now