အပိုင်း ( ၁၇၅ )

462 62 0
                                    

အပိုင်း ( ၁၇၅ ) - အသက် အန္တရာယ်များလွန်းတယ်။

အနက်ရောင် Hoodie ၀တ်ထားသော အမျိုးသားသည် Smithsတို့ရဲ့  အရိပ်ဖြစ်ပြီး  အရောင်းအ၀ယ်များကို လုပ်ဆောင်ရန် တာဝန်ရှိသည်။  သူသည် လူအနည်းငယ်ပါရှိသော အဖွဲ့ငယ်လေးကို ဦးဆောင်သည်။

အရေးကြီးသောအခိုက်အတန့်တွင် သူတို့အတွက် ထိုအရာများကို ပြုစုစောင့်ရှောက်ပြီး Smithsက  သူ့အတွက် ထောက်ပံ့ပေးခဲ့သည်။

သူ့အမည်မှာ Quentin Smith ဖြစ်ပြီး၊ သူသည်လဲ Smith မိသားစုမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

သူသည် ယခုအချိန်အထိ ထမ်းဆောင်ခဲ့သော အလုပ်မျိုးစုံတွင် တစ်ခါမှ မအောင်မြင်ခဲ့တာ မရှိပဲ အလွန်ယုံကြည်စိတ်ချရသူဖြစ်သည်။

Ian ၏တောင်းဆိုမှုသည် ရိုးရှင်းသော်လည်း Joel သည် သူ့အဖေထက်ပင် ပိုအရေးကြီးသူတစ်ဦးအဖြစ် အမြဲမှတ်ယူခဲ့သည်။  ထို့ကြောင့်၊ သူသည် Quentinကို ထိုရိုးရှင်းသော မစ်ရှင်အတွက် တာဝန်ပေးခဲ့သည်။

မူလက နာရီအနည်းငယ်အတွင်း ပြီးမည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်ဘဲ တစ်နေကုန် ကုန်လွန်သွားသော်လည်း မည်သည့်သတင်းမှ မရရှိသေးပေ။  Quentin သည် သူတာဝန်ပြီးသည်နှင့် အကြောင်းကြားရန် မေ့သွားသည်ဟု သံသယရှိသဖြင့် သူကိုမေးမြန်းရန် အထူးပြန်ခေါ်ခဲ့သည်။

Quentinက ခေါင်းကို ငုံ့ထားပြီး သူ့မျက်နှာတစ်ခုလုံး မဲမှောင်နေသည်။ ( ပြောချင်တာ အခြေအနေမကောင်းတာပေါ့ ) သူပြန်ဖြေသော အဖြေက  “တောင်းပန်ပါတယ်  ကျွန်တော် မရသေးဘူး”

Joel အနည်းငယ် မယုံနိုင် ဖြစ်သွားသည်။

သူ သိပ်နားမလည်ဘူး။  လူတစ်ယောက်၏ DNA နမူနာကို ပြန်လည်ရယူရန် နည်းလမ်းများစွာရှိသည်။

ဥပမာအားဖြင့်၊ အစာစားချိန်အတွင်း ပစ်မှတ်၏ မီးဖိုချောင်တွင် တံတွေးများရှိနိုင်သည်၊ သို့မဟုတ် သူတို့သည် ပစ်မှတ်ကို စောင့်ဖမ်းကာ သူမ၏ခေါင်းမှ ဆံပင်အနည်းငယ်ကို ဆွတ်နှုတ်နိုင်သည်။  အခြားအရာများ မအောင်မြင်ပါက အရေပြားမှ ထွက်တဲ့ တစ်ရှူးစ အချို့ကိုလည်း ယူနိုင်သည်...

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now