တိုက်ရိုက်ထုတ်လွှင့်မှုမှ ဓာတ်ပုံ

2.3K 327 1
                                    

အပိုင်း ( ၉၃ )- တိုက်ရိုက်ထုတ်လွှင့်မှုမှ ဓာတ်ပုံ

Seth က သူ့လက်ကို ထပ်ဆွဲလိုက်တယ်။  “Cherry မိန်းကလေးက ယောက်ျားလေးဖြစ်မလာနိုင်ဘူး။  သေချာပေါက် နင် ရှုံးမှာမို့ သဘောမတူနဲ့!"

နူးညံ့သိမ်မွေ့သောအသံဖြင့် Cherry က "ငါ့မှာ နည်းလမ်းရှိပါတယ်၊ okတယ်!"

Brandonက သူ့ဆံပင်တွေကို ထိပြီး ထပ်ပြီး ရယ်လိုက်သေးတယ်။  နောက်တော့မှသူ့လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ ပြန်ထွက်သွားခဲ့သည်။

သူထွက်သွားပြီးနောက်၊ Sinead သည် Cherryဆီသို့ ပြေးသွားခဲ့သည်။  သူမ မေးစေ့ကို မော့လိုက်ပြီး "Cheryl၊ နင်တော့ ဒုက္ခရောက်ပြီပဲ။  Brandon က နင့်ကို အမြင်ကပ်နေပြီဆိုတော့ နင့်ဘဝက အရမ်းခက်ခဲတော့မှာ သေချာတယ်။  သူ့ဘေးနားက ခွေးတွေက ဟောင်ရတာ ကြိုက်ကြတာဆိုတော့ နင်သာ သူ့ဘေးက လူဖြစ်ရင်။  နင်မနက်ဖြန် Cherry the Doggy ဖြစ်လာတော့မှာ!"

သူမက ၀မ်းသာ အားရနေတုန်း Cherryသူမရဲ့ မျက်လုံးဝိုင်းဝိုင်းကြီးများတွင် ပဟေဋ္ဌိများ ပေါ်လာပြီး “ခွေးတစ်ကောင်က ဘယ်လိုဟောင်တာလဲ” ဟု မေးသည်။

Sinead ချက်ခြင်း လက်ကို ဆုပ်ကာ ခွေးလေးတွေလို ပုံစံလုပ်ပြီး “ဝုတ်!  ဝုတ်!”

ထို့နောက် သူမသည် မတ်တပ်ထရပ်ကာ "ဒီလို!"

Cherryက “ဘယ်လိုလဲ” ဟု ထပ်မေးသည်။

Sinead က မျက်မှောင်ကြုတ်ပြီး “နင် ဘာလို့ ဒီလောက်တုံးနေတာလဲ!”

ထို့နောက် သူမသည် ထိုပုံစံအတိုင်း ခွေးတစ်ကောင်လို လုပ်ပြခဲ့ပြန်သည်။  "ဝုတ်!  ဝုတ်!  ဝုတ်!”

Cherryက ပြုံးပြီး ပြောလိုက်တယ် “ငါမြင်တယ်!  ဒါဆို နင်က Sinead the Doggy ပေါ့!"

Sinead, “…”

Cherryက သူမကို လှောင်ပြောင်နေမှန်း သူမသိလိုက်သောအခါ သူမသည် ကျယ်လောင်စွာ ငိုကြွေးပြန်သည်။

“…”

တစ်နေ့တာအတွက် အတန်းချိန်တွေက အရမ်းမြန်တယ်။  နေ့ခင်းဘက်မှာတော့ မိဘတွေက တစ်ယောက်ပြီးတစ်ယောက် သားသမီးတွေကို လာခေါ်ကြတယ်။

မနက်မိုးလင်းတော့ Cherryအိမ်က ထွက်လာတော့ မေမေက အိပ်ပြီးကျန်ခဲ့တာမို့ ကျောင်းဆင်းရင်လဲ မေမေTanyaကပဲ သူ့ကို လာကြိုမှာကို သူသိတယ်။  သေချာတာပေါ့ သူထင်ထားသလိုပဲ။ သူမကျောင်းထဲက ထွက်လာတော့ Tanyaကျောင်းရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။ 

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now