မင်းရဲ့ အသက် အန္တရာယ် ရှိလာလိမ့်မယ်...

2K 295 5
                                    

အပိုင်း ( ၁၀၂ )- မင်းရဲ့ အသက် အန္တရာယ် ရှိလာလိမ့်မယ်...

မကြာခင်မှာ ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေက အစားအသောက်ကို စတင်လာပို့ခဲ့ပါတယ်။

သူတို့ဟာ အီတလီစားသောက်ဆိုင်မှာရှိပေမယ့် အစားအသောက်ကို အရင်ခေတ်ကလို ပန်းကန်သေးသေးလေးတွေနဲ့ ကျွေးတာက အံ့သြစရာပါပဲ။  စားပွဲပေါ်ရှိ ပန်းကန်ပြားလေးများ အများအပြားကို မြင်လိုက်ရသဖြင့် နိုရာ၏ မျက်လုံးများက အခါခါ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားရသည်။

ဒါက ဘာကြီးလဲ။

ငြီးငွေ့နေသော မိန်းမငယ်လေးသည် သူမရဲ့ တူကို ကိုင်ကာ တစ်ခုပြီး တစ်ခု စစားလိုက်သည်။

သူမနှင့် ဆန့်ကျင်ဘက်တွင် ရှိနေသော Justinရဲ့ နှုတ်ခမ်းထောင့်များသည် တဖြည်းဖြည်း ကွေးကောက်သွားကာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။  သူက “Ms.  Smith၊ မင်းရဲ့အစားအစာကို ကောင်းကောင်းဝါးပြီး ဖြည်းဖြည်းစားသင့်တယ်။  မြန်မြန်စားရင် ကျန်းမာရေးအတွက် မကောင်းဘူး။”

“…”

တကယ်တော့ သူမကိုယ်တိုင်က ဖြည်းဖြည်းချင်း မစားနိုင်တာ မဟုတ်လား !

ပန်းကန်ပြားအချို့တွင် သခွားသီး နှစ်မြှောင်းသာ ပါရှိသည်...

Justin က ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ Nora က သံသယဖြစ်နေတယ်။  အမှန်တော့၊ သူမ အခုလေးတင် ဒီလမ်းကို လျှောက်လာတုန်းက ခန်းမထဲက စားသောက်ဆိုင်တွေ အားလုံးက သာမန် ပန်းကန်ပြားတွေသာ သုံးနေကြတာ ဖြစ်သည်။

သူမသည် ပန်းကန်လုံးထဲတွင် ခေါက်ဆွဲအနည်းငယ်ကို ခက်ရင်းဖြင့် မွှေကာ ပါးစပ်ထဲသို့  ကောက်ထည့်လိုက်သည်။

Justin ဟာ သူမ ဘယ်လောက်တောင် ငြီးငွေ့ပြီး ပျင်းနေလဲဆိုတာ ကြည့်ရင်း စကားတစ်ခုခုကိုပြောဖို့  ကြိုးစားခဲ့တယ်။  သူက “အိမ်ခြံမြေလုပ်ငန်းက အနာဂတ်မှာ သိပ်ကောင်းမှာမဟုတ်မှန်း ဘယ်လိုသိတာလဲ၊ မစ္စ Smith”

Noraသည် ခေါက်ဆွဲကို အနည်းငယ် ဝါးကာ မျိုချလိုက်ပြီး အသုပ်ပန်းကန်ထဲမှ အသီးအရွက်တစ်ပိုင်းကို ခရင်းနဲ့ ထိုးလိုက်သည်။  ထိုနောက် သူမက "ဒါကိုပြောတဲ့သူက ရှင် မဟုတ်လား၊ မစ္စတာHunt?"

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now