အပိုင်း ( ၁၃၄ ) - သူ့သား ~

2.7K 346 8
                                    

အပိုင်း ( ၁၃၄ ) -  သူ့သား ~

သူတို့က တစ်ယောက်နဲ့တစ်ယောက် နည်းနည်း တူတယ်တဲ့လား?

Joel နဲ့ Tanya နှစ်ယောက်လုံးက Mia ကို မသိစိတ်ကနေ မသိမသာ  ကြည့်လိုက်မိကြတယ်။  ကလေးမလေးက Joel ဆီက မျက်နှာကျကို အမွေဆက်ခံထားသည်။ သူမရဲ့ မျက်နှာ၊ မျက်လုံး၊ ပါးစပ် တို့က Joelနဲ့ တစ်ပုံစံထဲ ထပ်တူကျနေတယ်။  

သူမရဲ့ သေးငယ်ပြီး ဖြောင့်စင်းသော နှာတံကသာ Tanya နှင့်တူသည်။  ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ သူမရဲ့နှာခေါင်းက Hillaryရဲ့နှာခေါင်းနဲ့ အလွန်ဆင်တူပါတယ်—ဘာလို့ဆို  Tanya နဲ့ Hillary တို့က အဖေတူအမေကွဲညီအစ်မတွေ ဖြစ်ကြသည်ကိုး။

Joel နှင့် Tanya နှစ်ယောက်စလုံး ခေါင်းမော့ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။  သူတို့ မျက်လုံးချင်းဆုံတဲ့အခါ Tanya က ကမန်းကတန်း အကြည့်လွှဲလိုက် တော့တယ်။

ထို့နောက် ဒီလို ကမောက်ကမ ဖြစ်နေတဲ့ အခြေအနေကနေ  Joel က ဆရာဝန်ဘက်ကို ပြန်လှည့်ပြီး မေးလိုက်တယ်။

“Miaက ဘယ်တော့ နိုးလာမှာလဲ Dr”

ဆရာဝန်က သူ့အမေးကို သေချာ ပြန်ဖြေတယ်။

"သူမ မကြာခင် နိုးလာတော့မှာပါမယ် ကလေးက သရက်သီးကို အများကြီးမစားမိထားပါဘူး IVသွင်းတာ ပြီးသွားရင် ဆေးရုံက ဆင်းလို့ရပါပြီ "

“နားလည်ပါပြီ..”

ဆရာဝန်ထွက်သွားပြီးနောက် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။

အချိန်အတော်ကြာပြီးနောက်၊ Joel သည် ရုတ်တရက် "အသားညှပ်ပေါင်မုန့်က အေးသွားပြီ " လို့ ပြောလိုက်သည်။

Tanya“…”

ထို့ကြောင့် Hillaryက အဲ့အချဉ်ပါတဲ့ အရာတွေကို စားနိုင်တယ် ဒါပေမဲ့ သူမက မကြိုက်တော့ မစားနိုင်ဘူး။  ဒါပေမဲ့ သူမက ဗိုက်ဆာနေတယ်လေ အဲ့တော့ မစားပဲလဲ နေလို့မရ။ ဒီလူက နှစ်အနည်းငယ် ကြာသွားတာတောင် အကျင့်စရိုက်က အခုထိ‌တိုင် မပြောင်းလဲသေးဘူး။ 

သူက တခြားလူတွေ အပေါ် အမြဲ အေးစက်စက် ဆက်ဆံရုံသာမက တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုလဲ လုံးဝ ဂရုမစိုက်တတ်ချေ။ 

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now