ကပွဲမှာ သူမတို့ စကားများခြင်း ( ၂ )

2.1K 345 2
                                    

အပိုင်း ( ၈၄ )- ကပွဲမှာ သူမတို့ စကားများခြင်း ( ၂ )

Sheril ခေါင်းက ရုတ်တရက် Loganဆီကို လှည့်ကြည့်လိုက်သည်။  သူမက မျက်မှောင်ကြုတ်ကာ “ဟင့်အင်း ငါတို့ မကတော့ဘူး!”

သူ့ခြေကျင်းဝတ်တွေက နာနေတော့ ကတာက ဒဏ်ရာကို ပိုဆိုးစေနိုင်တယ်။

အနည်းငယ် ပျက်ရယ်ပြုတာကို ခံရတာနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား ထိခိုက်သွားတာမှ မရှိတာ။

သို့သော် Logan သည် သူမကို အေးစက်သောအကြည့်ဖြင့် ကြည့်နေသည်။  ထို့နောက် သူဘာမှပြန်မပြောမီ Noraက ထရပ်ကာ “အင်း ဟုတ်တယ်၊ သူကမှာပါ။  သူက ဘာလို့ မလုပ်ရနိုင်မှာလဲ?"

Sherilက ထိုစကားကို ကြားလိုက်တော့ အံ့အားသင့်သွားပြီး  သူမကို ကြည့်လိုက်ပြန်သည်။

Logan သည် ခြေကျင်းဝတ်ကို အနည်းငယ်လှည့်လိုက်သည်။ ခြေကျင်းဝတ် လိမ်သွားသော နေရာတစ်ဝိုက်သည် စတင်ထုံနေပြီဖြစ်သည်။ သူစကား ပြောတော့မဲ့ အချိန်တွင် အသက် 22 နှစ် သို့မဟုတ် 23 နှစ်ခန့်ရှိသော လူငယ်တစ်ဦးသည် လူအုပ်ထဲမှ ရုတ်တရက် ထွက်လာသည်။    သူက ကြည်လင်ရွှင်လန်းပြီး မျက်လုံးကြီးကြီးနဲ့ မျက်ခုံးထူထူကြီး ရှိတယ်။  သူ့ဆံပင်ကို သံလွင်စိမ်းရောင်ဆိုးထားသည်။

Isaac Young သည် Logan ၏လက်ကိုဆွဲကိုင်လိုက်ပြီး "မင်း သေချင်တဲ့ဆန္ဒရှိနေတာလား Logan?"

Logan မျက်မှောင်ကြုတ်လိုက်သည်။  "ငါ့ကိုလွှတ်!  တစ်ယောက်တည်းနေချင်တယ်!"

Isaac Youngက အသံကို လျှော့ပြီး “မင်းရဲ့ ခြေကျင်းဝတ် အခြေအနေကို ပိုဆိုးသွားအောင် လုပ်လို့ မရဘူး။ ပြီးတော့ နောက်၃ရက်နေရင် မင်းပြိုင်ပွဲကို ၀င်ပြိုင်ဖို့ အချိန်ရှိသေးတယ်လေ။ မင်းအတွက် မင်း ပြိုင်နေတာမဟုတ်ဘူးဆိုတာ သတိထားဦး။ မင်းသာ မင်းကို ကူညီဖို့ လူရှာမတွေ့ခဲ့ရင် မင်းအတွက် ပိုပြီး အန္တရာယ်ရှိနိုင်တယ်နော်။  အဲ့အချိန် အရှက်ပိုမကွဲသွားဖို့က အရေးကြီးတယ် မဟုတ်ဘူးလား!”

Logan သည် လက်သီးများကို တင်းတင်းဆုပ်ပြီး Sheril ကို ကြည့်လိုက်သည်။

သူမသည် သူ့အစ်မဖြစ်သော်လည်း သူ့ထက် ဆယ်မိနစ်သာ ကြီးသောကြောင့် Logan သည် သူမကို အမြဲကာကွယ်ပေးခဲ့သည်။  သူမကို တခြားသူတွေ အရှက်ခွဲနေတာကို မြင်တော့ သူက ဘယ်လိုလုပ်နလျစ်လျူရှုထားနိုင်မှာလဲ ။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now