အပိုင်း ( ၁၂၆ ) - Mrs.Levin ကို သူ့စကားကြောင့် သူပြန်အရှက်ရခြင်း

2.3K 292 0
                                    


Simon ကတော့ ငြင်းခုံရတာကို ကြိုက်တဲ့ သူမဟုတ်တာကြောင့် အလွန် အသံအရမ်းကျယ်ကျယ် ပြောနေတဲ့ သူမပြန်ဝင်လာတာနဲ့ TVက အသံကို အတိုးအချဲ့ လုပ်လိုက်တော့သည်။

TVမှာလာနေတာက ငွေကြေးပမာဏတွေ ကြေငြာနေကျဖြစ်တဲ့ သတင်းချန်နယ် တစ်ခုဖြစ်သည်။ ထိုသတင်းမှာ နောက်ဆုံးထွက်လာတဲ့ ငွေကြေးကြေငြာတဲ့ သတင်းဖြစ်နေတယ်။

" ငွေကြေးပမာဏ နောက်ဆုံး ထွက်ရှိတဲ့ သတင်းရှင်းလင်းချက်တစ်ခုပဲ ဖြစ်ပါတယ် အခုအခြေအနေအရတော့ အိမ်ရာဈေးနှုန်းများ မခိုင်တဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။ "

ဒီစကားက ဧည့်ခန်း အတွင်းရှိတဲ့ လူတွေရဲ့ နားထဲသို့ ရောက်လာပါတော့သည်။
ခုနက စကားပြောနေတဲ့ သူတွေကလဲ သတင်းကို ကြားလိုက်ရခြင်းပဲ TVကို လှမ်းကြည့်လိုက်သည်။ သို့သော် သူတို့ လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ သတင်းချန်နယ်ရဲ့ နောက်ဆုံး ပိုင်းနားကို ရောက်နေခဲ့ပါပြီ။

" ယခု ချန်နယ်မှ သင်တို့ထံသို့ သတင်း တင်ပြအပ်ပါသည်။ "

ထိုသတင်းကို ကြားလိုက်ရတဲ့ သူတွေထဲမှ Mrs. Levin က သူ့နား သူမယုံနိုင်လောက်အောင် အံ့သြသွားတော့တယ်။

" ခုနက ဘာပြောလိုက်တာလဲ"

Melissaက ဒီအကြောင်းကို သူမ အရင်ထဲက သိထားပြီးပေမဲ့ အခုချိန်ထပ်ပြီး ကြား‌ရပြန်တော့လဲ အံ့သြရပြန်သည်။

စီးပွားရေး ပေါ်လစီကို ဘာကြောင့် ဒီလောက်ထိ မြန်မြန် ကြေငြာခဲ့ကြတာလဲ။

သို့သော် ကြေငြာချက်မတိုင်ခင်ထဲက သတင်းက ရေးရေးလေး ကြားနေခဲ့ရသော်လည်း သတင်းကို အတိအကျ မသိခဲ့ရပါ။

ဒီလောကရဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်တဲ့ ထိပ်တန်းလူရဲ့ မျှော်လင့်ထားသည့်အတိုင်း သတင်းက အမှန်ပင်။ Justin က ဒီသတင်းကို စောစောစီးစီး ရခဲ့တာမို့ သတိထားခဲ့တာ ဖြစ်သည်။

သို့သော် အခုချိန်မှာ သူမ တုန်လှုပ်နေစရာ အချိန် မဟုတ်သေးပေ။ Melissaက Mrs.Levinကို ပြုံးပြီး ကြည့်ကာ ပြောလိုက်တယ်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now