အပိုင်း ( ၁၅၉ )

1.1K 137 0
                                    

အပိုင်း ( ၁၅၉ ) - ဒုတိယစမ်းသပ်မှု။

Lilly၏ စကားကြောင့် Nora အံ့ဩသွားရုံမက နားမလည်ဖြစ်သွားရသည်။

သို့သော် သူမက  ဟင်နရီရဲ့ သမီး မဖြစ်နိုင်သည်ဟု DNA စစ်ဆေးခြင်းမပြုမီ ချိန်ထဲက  စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သော်လည်း… အမှန်တရားကို သူမအား တင်ပြလာသောအခါတွင် အနည်းငယ် အံ့ဩခြင်းအပြင် အခြားအရာများထက် သူမသည် အမှန်တကယ်ပင် စိတ်သက်သာရာရသွားခဲ့သည်။

Noraသည် မျက်လုံးများကို ငုံ့လိုက်ပြီးမှ  ပြတင်းပေါက်ကို ပြန် လှမ်းကြည့်သည်။

သူမ ရုတ်တရက် စိတ်သက်သာရာ ရသွားသည်လေ။

ကလေးတွေဆိုတာ မိဘတွေနဲ့ ရင်းနှီးချင်တာက လူ့သဘာဝပဲ။

သူ့အမေက စောစီးစွာနဲ့  ဆုံးသွားပြီမို့ သူ့အဖေကသာ ကမ္ဘာပေါ်မှာ သူ့တစ်ဦးတည်းသော ဆွေမျိုးပေါက်ဖော်ဖြစ်သည်။  ဒါတောင် သူ့အဖေက သူမကို တစ်သက်လုံး တစ်ခါမှ ပွေ့ဖက်နမ်းရှုံ့တာမျိုး မလုပ်ဖူးဘူး။

Angelaကိုသာ အရိပ်တကြည့်ကြည့်နဲ့ ချီတတ်တဲ့ Henry ကို ကြည့်ပြီး မနာလိုဖြစ်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။

တကယ်တော့ သူမဟာ အရမ်းစိတ်ဓာတ်ကျလာပြီး အဲဒီအချိန်မှာ ကမ္ဘာနဲ့ ခဏတာ အဆက်အသွယ် ပြတ်သွားရတယ်။

Noraလေးသည် ထိုအချိန်တွင် သူမသည် အလွန်နှစ်သက်ဖွယ်ကောင်းလွန်းမနေတာကြောင့်လားဟု မတွေးတောပဲ မနေနိုင်ခဲ့ပေ။  အဲ့ဒါကြောင့်ပဲ သူ့အဖေက သူ့ကို မချစ်ခဲ့တာလားပေါ့။

နောက်ပိုင်းမှာတော့ သူမ နှလုံးသားကို လုံးဝ ပိတ်ထားခဲ့ပြီး အပြင်လူတွေကို ဘယ်တော့မှ သူမရဲ့ ခံစားချက်ကို  ဖွင့်မပြောတော့ပါဘူး။

သူမကို သိတဲ့လူတိုင်းက သူမကို ယုတ်မာတယ် ရိုင်းတယ် မောက်မာလို့ ပြောကြပေမယ့် အချစ်ဆိုတဲ့အရာကို  ဘယ်သူကမှ သူမကို မသွန်သင်ခဲ့ဖူးတာကြောင့် သူ့တစ်ယောက်ထဲသာ ဖြစ်နေခဲ့ရသည်လေ။

သူ့ကမ္ဘာမှာတော့  အမြဲတမ်း တစ်ယောက်တည်း နေခဲ့ပါတယ်။

ဒါပေမယ့် သေချာ စဉ်းစားလိုက်တဲ့ အချိန်တိုင်း ဒါတွေဟာ သူမရဲ့ အပြစ်တစ်ခုမှ မရှိခဲ့ဖူးပါ။ Henryက သူမကို မကြိုက်လောက်အောင် နှစ်သက်မှုမရှိလို့ မဟုတ်ဘူး၊ အဓိက အကြောင်းကတော့ သူက  သူမရဲ့ အဖေမဟုတ်တာကြောင့်ပဲဖြစ်သည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now